အခန်း ၁၄၈။ မစောင့်နိုင်တော့ဘူး။

1.2K 190 18
                                    

အခန်း ၁၄၈။ မစောင့်နိုင်တော့ဘူး။

စားသောက်ပြီးနောက် ယဲ့ရှော် ပိုပြီးအားပြည့်လာသည်။ သို့သော်သူ့နှာခေါင်းက နေလို့မကောင်းသေး၊ ချောင်းဆိုးနေသေးကာ ခေါင်းကလည်း မူးနေပါသေးသည်။ သို့သည့်တိုင် သူ့ရဲ့ "ရည်ရွယ်ချက်" ကိုတော့ သက်ရောက်မှုမရှိပေ။

— ဒီညလေထုက အတော်လေးကောင်းနေတဲ့ဟာ။ ဒီလိုအချိန်မှာမှ တစ်ခုခုမလုပ်ရင် နစ်နာသွားမှာပေါ့။

လော့ယန်ဟင်းပန်းကန်များကို ဆေးကြောသိမ်းဆည်းပြီး အခန်းထဲပြန်၀င်လာချိန်မှာတော့ ယဲ့ရှော်တစ်ယောက် အိပ်ယာပေါ်မထိုင်သေးဘဲ ထိုအနွေးအိပ်ယာကိုစိုက်ကြည့်နေသည်။ မျက်လုံးများက အလွန်တောက်ပနေသည်မို့ အံ့အားသင့်ဖွယ် တစ်စုံတစ်ခုကိုတွေးတောနေပုံရသည်။
  
"ဘာတွေတွေးနေတာလဲ"

လော့ယန် ဒူးမြှောက်ကာ အတွေးလွန်နေသည့် ယဲ့ရှော်၏ နောက်ကျောဘက်မှနေ၍ ခါးအောက်ပိုင်းမှ *ထိုနေရာကို တိုက်လိုက်သည်။

"လာလေ... မအေးဘူးလား"

{*ကျောဘက် ခါးအောက်ပိုင်းမှ ထိုနေရာ : ယူတို့တွေးမိတဲ့ပန်းပွင့်လေးပါပဲ။ လော့လော့တစ်ယောက်နဲ့ စိတ်လေတယ်အဟုတ် 😩 😂😂😂}

ယဲ့ရှော်သည် ရှူးဖိနပ်ကိုချွတ်ကာ အ‌နွေးအိပ်ယာပေါ်တက်ချင်သည်။ သို့သော် နှစ်ရက်နှင့်နှစ်ညတာလုံး ဖိနပ်များမချွတ်ရသေး၊ ခြေထောက်များ မဆေးကြောရသေးကြောင်း သတိရမိသွားသည်။

သူ့ခြေထောက်များသည် လေအလုံပိတ်ခံထားရပြီး ခရီးရှည်ကြီး ထွက်လာခဲ့ရသည်မို့ အနညိးငယ်ပင် အနံ့ထွက်နေလေပြီ။ သူရှက်ကိုးရှက်ကန်းဖြင့် ဖိနပ်ပြန်စီးကာ ပြောလိုက်သည်။

"ကျွန်တော့်ခြေထောက်တွေ အရမ်းနံနေတယ်။ အရင်ဆေးလိုက်ဦးမယ်"
   
"အဲဒီ့မှာထိုင်နေ။ ငါရေသွားယူခဲ့မယ်"

"မလိုပါဘူးလော့လော့ရဲ့။ ကျွန်တော့်ဘာသာဆေးပါ့မယ်"

ယဲ့ရှော်တစ်ယောက် ပျားရည်အိုးထဲပြုတ်ကျသွားသလို ခံစားရသည်။ ဘာလို့များ အရာရာတိုင်းကို အစစ်အမှန်မဟုတ်သလို ခံစားနေမိတာလဲ။ လော့လော့သူ့ကို အကုန်အလိုလိုက်တယ်ဆိုပေမဲ့ ဒီလိုကိစ္စမှာတောင် သူ... အလိုလိုက်နိုင်သေးတာလား။
  
"မင်းကားစီး‌လာရတာ ပင်ပန်းနေရောပေါ့။ ဒါကြောင့် ငါ့အပေါ်ယဉ်ကျေးနေ၊ အားနာနေဖို့မလိုဘူး။ ဒါ့အပြင် ဘယ်ပစ္စည်းဘယ်နားရှိတယ်ဆိုတာမှ မင်းမသိတာ။ မနက်ဖြန်ကျမှ အိမ်နဲ့ရင်းနှီးအောင်လိုက်ပြမယ်။ ပြီးမှ ကိုယ့်ဘာသာလုပ်ပေါ့"

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Onde histórias criam vida. Descubra agora