အခန်း ၁၆၁။ မိသားစုဝင်အသစ်လေးနှင့် ပျော်ရွှင်နေကြပြီ။
ပစ္စည်းပစ္စယများနှင့်အတူ ယဲ့ရှော်အိမ်ပြန်ရောက်ချိန်၌ တမင်သက်သက်ခြေဖွဖွလျှောက်လာသော်လည်း လော့ယန်ကြားနိုင်ပါသေးသည်။
အချိန်ကို တွက်ဆပြီးနောက် အိပ်ခန်းမကြီးထဲ သူထွက်လာခဲ့သည်။ နှစ်ယောက်သားတီးတိုးတီးတိုးဖြင့် အိပ်ပျော်နေသောကလေးအကြောင်း တိုင်ပင်ကြသည်။
"ထျန်းထျန်းနဲ့ အတူတူအိပ်နေတာလား"
"အင်း... နိုးတစ်ဝက်၊ အိပ်တစ်ဝက်ပါပဲ။ တစ်နေ့လုံးမနားရသေးလို့နေမယ်။ ညောင်းညာနေတာပဲ"
လော့ယန် ယဲ့ရှော်လက်ထဲမှ ဟင်းချက်စရာများကို လက်လွှဲယူလိုက်သည်။
"ငါဟင်းချက်လိုက်ဦးမယ်။ မင်းအရင်နားလေ။ ပြီးရင်ရေချိုးပေါ့။ ပြီးမှ စားကြမယ်"
"ဟုတ်ကဲ့ပါခင်ဗျ"
တောက်လျှောက်စက်ဘီးနငိးခဲ့ရတာကြောင့် ယဲ့ရှော်ပင်ပန်းနေပြီဖြစ်သည်။ ထုတ်ပြောနေစရာပင်မလို။
အချိန်အကြာကြီး ရထားစီးခဲ့ပြီး တစ်နေ့လုံးလည်း ထျန်းထျန်းနှင့် ကစားခဲ့သည်မို့ မပင်ပန်းဘူးဆိုမှ ထူးဆန်းနေလိမ့်မည်။
ပြောရင်းဆိုရင်းပင် လော့ယန်သည် မီးဖိုခန်းထဲဝင်သွားပြီး ယဲ့ရှော်လည်း down jacket ကိုချွတ်ကာ အိပ်ခန်းမကြီးထဲ ၀င်သွားသည်။
ကုတင်အစွန်း၌ ဖြည်းဖြည်းထိုင်ပြီး ထျန်းထျန်းကိုကြည့်သည်။ ကောင်ငယ်လေး၏ မျက်နှာသည် အနည်းငယ်ရဲနေပြီး နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိသည်။
ယဲ့ရှော်ခဏလောက်ကြည့်နေပြီးနောက် သူပါအိပ်ချင်လာသည်။ သူသမ်းဝေကာ ထျန်းထျန်းဘေးတွင် ကွေးကွေးလေး ၀င်လှဲလိုက်သည်။ မကြာပါချေ။ အိပ်ပျော်သွားလေသည်။
လော့ယန်ကတော့ မီးဖိုခန်း၌ ညစာချက်ပြုတ်နေသည်။ သူတို့နှစ်ယောက်အတွက် ချက်ပြီးနောက် ရှောင်ထျန်းထျန်းအတွက် နှံစားပြောင်းနှင့်ချက်သော ရွှေဖရုံသီးဆန်ပြုတ်နှင့် ကြက်ဥနှစ်လုံးမွှေကြော်ကြော်သည်။ ပြီးနောက် မီးပိတ်သည်။
YOU ARE READING
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...