အခန်း ၁၅၂။ ကလေးများကို ကိုယ်တိုင်ဂရုစိုက်ခြင်း။

1.1K 166 4
                                    

အခန်း ၁၅၂။ ကလေးများကို ကိုယ်တိုင်ဂရုစိုက်ခြင်း။

လင်မိသားစုသည် နှစ်သစ်၌ ပျော်ရွှင်နေကြသည်။ သူတို့၏သားမှာ ချစ်ရသူရခဲ့ရုံသာမက ဖြူဖွေး၊ ပြည့်ဖောင်းကာ ချစ်စရာကောင်းသော မြေးလေးနှစ်ယောက်ပါ အဆစ်ရခဲ့တာကြောင့်ဖြစ်သည်။
  
ရုတ်တရက်ဆန်စွာပင် လင်မိသားစု၌ မိသားစု၀င်သုံးဦးပိုလာခဲ့ပြီး အသက်၀င်တက်ကြွနေကာ မြေးငယ်လေးများ၏ နေ့တစ်၀က်လောက် ဗလုံးဗထွေးစကားပြောသံများကပင် လူအိုကြီးစုံတွဲကို တစ်နေ့တာလုံးပျော်ရွှင်နေစေဖို့ လုံလောက်သည်။

ပြီးတော့ အမျိုးသားချွေးမလေး (male daughter-in-law) ကလည်း အလွန်ပျော်ပျော်နေတတ်ကာ စိတ်သဘောထားကောင်းမွန်သည်။ သူတော်ကောင်းယောင်ဆောင်ကာ ကလူ၏သို့ မြှူ၏သို့ လုပ်တတ်သော သုများတွေ၏ချွေးမများနှင် မတူပေ။

အရာရာကို အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်ပြီး ယောက္ခမနှင့် သူ့အကြား အကျပ်ရိုက်ကာ အနေခက်အောင် လုပ်တာမျိုးလည်းမရှိပေ။

ကြင်နာတတ်သူဖြစ်တာကြောင့် လင်ကျန်းရီ၏ မိဘနှစ်ပါးကလည်း သားအရင်းသဖွယ် ချစ်မြတ်နိုးသည်။
 
ဒီနည်းလမ်းဖြင့် အိမ်နီးနားချင်းများကို နှိုင်းယှဉ်ပါက 'သူတို့သားဖြစ်သူ အမျိူသားဇနီးသည်ခေါ်ကာ အိမ်ပြန်လာခြင်း' က အလွန်ကောင်းမွန်ကြောင်း လင်ရှောင်ထျန်းနှင့် ကျန်းဟွားရှန်တို့ နှစ်ဦးစလုံးခံစားမိသည်။
  
လင်ကျန်းရီနှင့် စုကျစ်ယန်တို့လည်း ကောင်းမွန်သော Valentine's Day ကိုဖြတ်သန်းနိုင်ကြသည်။သူတို့၏မိဘနှစ်ပါးသည် အလွန်ထောက်ထားညှာတတ်တ်တာကြောင့် ကလေးနှစ်ယောက်ကို ထိန်းကျောင်းပေးပြီး သူတို့ကို နှစ်ယောက်တစ်ကမ္ဘာတည်ဆောက်ရန် ခွင့်ပြုထားသည်။

ရုပ်ရှင်ကြည့်ပြီးနောက် ဖယောင်းတိုင်ထွန်းသော ရိုမန်တစ်ဆန်ဆန်ညစာကို စားကြပြီး တစ်နေ့လုံးလည်ပတ်ပြီးလို့ အိမ်ပြန်ချိန်၌ မိဘများအတွက် ပန်းစည်းနှင့် ချောကလက်၀ယ်လာရန်လည်း မမေ့ပါ။

ရိုမန်တစ်ဆန်သော Valentine's Day ပြီးဆုံးခဲ့လေပြီ။ ထိုညမှာ ကလေးနှစ်ယောက်လုံးကို သူတို့နှင့်ခေါ်သိပ်ခဲ့သည်။ အလန်းအပြောင်းအလဲဖြစ်သွားသည့်တိုင် ကလေးများကမငိုကြပါ။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Donde viven las historias. Descúbrelo ahora