Extra 4 - ကြီးလိုက်တဲ့ရှာလကာရည်စည်ပိုင်းကြီး... (၁)

169 5 0
                                    

Extra 4 - ကြီးလိုက်တဲ့ရှာလကာရည်စည်ပိုင်းကြီး... (၁)

စုကျစ်ယန်သည် ဒီတစ်ပတ်ပိတ်ရက်မှာ ကလေးတွေကို လင်ပါးနဲ့လင်မားတို့ဆီ ခေါ်သွားသည်။ သူတို့အဘိုးနှင့်အဘွားက မြေးတွေကိုတွေ့ရတာကြောင့် ပျော်နေကြသည်။

လင်ရှောင်ထျန်းက အရင်ဆုံး သူ့မြေးတွေနှင့် basketball အကြိမ်ရေအတော်များများ ကစားရင်း ခြံဝင်းထဲ ရယ်မောသံများ ညံစီနေသည်။

အိမ်နားနီးချင်းများ ခေါင်းပြူကြည့်ကြရာ တစ်ရုပ်တည်းတူသော ကလေးနှစ်ယောက်ကို တွေ့လိုက်ကြသည်။ ဒီအမြွာလေးတွေကို သူတို့ အလွန်ချစ်ကြတာမို့ အရသာရှိသော အစားအသောက်တွေယူလျက် ခဏတဖြုတ် အတူလာကစားကြလေသည်။

အမြွာနှစ်ယောက်က အပြောချိုကြတာကြောင့် အဘိုးအဘွားများဟာ ရယ်မောပျော်ရွှင်နေကြဝော့သည်။

ဒီဧရိယာအတွင်းမှာ နေထိုင်သူအားလုံးဟာ အသက်ငါးဆယ်ကျော်လူကြီးတွေချည်းပင်။ သူတို့ရဲ့ကလေးတွေနှင့် မြေးတွေလာလည်ကြသည့် ပိတ်ရက်တွေကလွဲလို့ ကျန်ရက်တွေမှာ ပျင်းနေကြရသည်။

ကလေးတွေနှင့် မြေးတွေကလည်း အပတ်တိုင်းလာမလည်နိုင်ကြပေ။ ဒါကြောင့် လင်ရှောင်ထျန်းတို့ဇနီးမောင်နှံဆီ စုကျစ်ယန်တို့မိသားစု  အပတ်တိုင်းလာလည်ကြတာကို တွေ့ပြီးနောက် သူတို့လည်း အတူလာကစားကာ ပျော်ရွှင်နေတတ်ကြသည်။

သူ့ခင်ပွန်းသည်က ကလေးနှစ်ယောက်ကို နေ့တစ်ပိုင်းလုံး အပိုင်သိမ်းထားသည်ဟု ကျန်းဟွားရှန်ခံစားမိသည်။

ဒါကြောင့် နေ့လည်မှာတော့ ဟင်းချက်စရာတွေဝယ်ရန် စုကျစ်ယန်ကိုခေါ်ကာ မြေးနှစ်ယောက်နှင့်အတူ သူမကို အနီးနားက supermarket ဆီ လိုက်ပို့ခိုင်းတော့သည်။

လမ်းတစ်လျှောက် အရုပ်တွေလည်းဝယ်ကာ အဆာပြေမုန့်တွေလည်းဝယ်သည်။

ဒါပေါ့။ လင်ရှောင်ထျန်းကလည်း အိမ်မှာတစ်ယောက်တည်း နေခဲ့ချင်သူမဟုတ်ပေ။ ဒါကြောင့် ကားပေါ်တက်ကာ အတူတူလိုက်လာခဲ့သည်။

သူက ခရီးသည်ခုံမှာထိုင်ပြီး မြေးအဘွားသုံးယောက်က နောက်ခန်းမှာဖြစ်သည်။ စုကျစ်ယန်ကဝော့ မောင်းသူနေရာမှာ နေရာယူကာ မိသားစုဝင်များကို supermarket ဆီ ခေါ်ဆောင်လာခဲ့လေသည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Tahanan ng mga kuwento. Tumuklas ngayon