Extra 8 - မိဘတွေအကြောင်း ဝိုင်းဖွဲ့ဆွေးနွေး

159 7 0
                                    

Extra 8 - မိဘတွေအကြောင်း ဝိုင်းဖွဲ့ဆွေးနွေး

လင်းခိုင်သည် သူ့မိဘတွေနှင့် ဆယ်ရက်အတွင်း လိုက်တွေ့မည်‌ဖြစ်ကြောင်းသဘောတူခဲ့ပြီးနောက် အချိန်တဖြည်းဖြည်းနီးလာသော် ကြွက်ကလေးလိုကြောက်နေပြန်ကာ ကုဖုန်းသူ့ကို ရှာမတွေ့စေရန် တွင်းကြီးကြီးတူး၍သာ ပုန်းနေချင်ခဲ့တော့သည်။

ကံမကောင်းစွာဘဲ အချိန်ကုန်တာနှေးဖို့ သူဘယ်လိုပဲတောင်းဆိုပါစေ သူ့မိဘတွေနှင့် တွေ့ပေးရမည့်နေ့ကတော့ ရောက်လာဆဲပင်။

ဒါ့အပြင် လွန်ခဲ့သည့်ဆယ်ရက်လုံး ကုဖုန်းက သူ့အနားပူးကပ်နေကာ ရေချိုးခန်းသွားတာကအစ နောက်ကနေလိုက်နေတာကြောင့် ဘယ်နေရာမှာမှ ပုန်းမရပါချေ။

သူအကြောင်းပြချက်ရှာချင်တိုင်း ကုဖုန်း၏မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရပါက သူရှာမရနိုင်တော့ပေ။

ဒီလိုအချိန်ဆွဲဖို့လိုသလား။ ဒီလိုအချိန်ဆွဲဖို့ တစ်ကယ်ပဲ လိုရဲ့လားလို့...။

ညှိနှိုင်းရန်အတွက် ကျေနပ်လောက်ဖွယ် အကြောင်းပြချက်မျိုး မဟုတ်ရင်ဝောင် ကုဖုန်းက သူ့ကိုနားလည်လက်ခံပေးဦးမည်ဆိုတာ သူသိသည်။

ဒါပေမဲ့ အဲဒီ့လိုဆိုရင် တစ်ကယ်ပဲ ကောင်းပါ့မလား။ ကုဖုန်း သူ့ကိုစောင့်ပေးခဲ့တာ အတော်လေးကြာခဲ့ပြီလေ။

ကုဖုန်းက မျှော်လင့်ချက်တွေ အမှန်ဖြစ်လာဖို့ အမြဲတမ်း စောင့်ဆိုင်းနေသူမို့.... သူစိတ်မကောင်းဖြစ်နေလောက်မည်။ ဟုတ်တယ်မလား။

နောက်ဆုံးတော့ လင်းခိုင်သွားကြိတ်ကာ ခြေဆောင့်လိုက်သည်။ သူသွားရန်ဆုံးဖြတ်လိုက်ပြီ‌ဖြစ်ကာ ထပ်ပြီးအချိန်မဆွဲလိုတော့ပေ။

ကုဖုန်းကတော့ လင်းခိုင်၏ ရှေ့လျှောက်လိုက်၊ နောက်ပြန်လျှောက်လိုက် လုပ်နေသောအမူအရာကြောင့် မရယ်ဘဲမနေနိုင်ဝော့ပေ။

"အိုကေ... ပတ်လျှောက်နေတာရပ်ပါတော့ကွာ။ ခဏလောက်တော့ စိတ်ရှုပ်‌ထွေးနေဦးမှာပေါ့"

"ဘော့စ်... မင်းက ယောက်ျားလေးတွေကိုကြိုက်တယ်ဆိုတာ မင်းရဲ့မိဘတွေကို ပြောပြီးပြီလား"

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Opowieści tętniące życiem. Odkryj je teraz