အခန်း ၁၉၁။ အိမ်ကချစ်စဖွယ် ကလေးလေးများ (အပိုင်းခွဲ ၁)
"ဒယ်ဒီ——"
"ပါ့ပါ--"
ကလေးငယ်များ၏ အလွန်ချိုမြိန်သော ခေါ်သံများက ဗီလာအတွင်း ကျယ်လောင်စွာထွက်ပေါ်လာသည်။
အဘိုးအဘွားတို့နှင့် ကစားနေသောကလေးနှစ်ယောက်သည် သူတို့၏ ခြေတံတိုတိုလေးများနှင့်အတူ အလုပ်မှပြန်လာသော လင်ကျန်းရီနှင့် စုကျစ်ယန်တို့သံသို့ ပြေးသွားကြလေသည်။
လင်ကျန်းရီနှင့် စုကျစ်ယန်တို့လည်း ကိုယ်ကိုကိုင်းလိုက်ပြီး ကလေးတစ်ယောက်စီကို ပွေ့ချီကာ လေထဲ၌ စက်ဝိုင်းသဖွယ် ဝှေ့ယမ်းကစားပေးလိုက်သည်။
လင်ကျစ်ရွှမ်သည် သူ့လက်မောင်းများကို သူ့ဒယ်ဒီ၏လည်ပင်းတွင် ခိုတွဲထားလိုက်ပြီး ကိုယ်ကိုကွေးလျက် မျက်နှာကိုနမ်းရင်း ချိုမြိန်စွာပြောလေသည်။
"ဒယ်ဒီ"
ထိုနေရာ၌ လင်ကျစ်ဟောင်ကလည်း စုကျစ်ယန်ကိုဖက်ကာ နမ်းလိုက်သည်။
"ပါ့ပါ..."
"ပါ့ပါ/ဒယ်ဒီ တို့ကို လွမ်းနေတာလား"
နှစ်ဦးသား တစ်ပြိုင်တည်း မေးလိုက်ကြသည်။
ကလေးနှစ်ယောက်လုံးသည် သူတို့၏ ချွတ်စွပ်တူနေသော မျက်နှာများပေါ်တွင် ရွှင်ပျနေသော အမူအရာများရှိနေလျက် တစ်ပြိုင်တည်း ခေါင်းညိတ်ကြသည်။
တစ်နေ့လုံး ပင်ပန်းစွာ အလုပ်လုပ်ပြီးနောက် သူတို့အိမ်ပြန်လာချိန်မှာ သားလေးတွေ၏အပြုံးများကိုမြင်ရခြင်းက သူတို့နှစ်ယောက်၏ ပင်ပန်းမှုများကို အမောပြေစေသည်။
"ဒယ်ဒီ... ဒယ်ဒီ... ဘွားဘွားက ဒီနေ့ သားတို့အတွက် ရွှေငါးလေးတစ်ကောင်၀ယ်လာခဲ့တယ်။ နောက်နေ့ကျရင် လိပ်လေးတစ်ကောင်လောက် ၀ယ်ပေးပါလား... နော်"
လင်ကျစ်ရွှမ်သည် သူ၏ကြီးမားရွှန်းလဲ့သော မျက်လုံးကြီးများကို တဖျတ်ဖျတ်ခတ်ရင်း လင်ကျန်းရီကိုကြည့်သည်။
လင်ကျန်းရီခေါင်းညိတ်သည်။
"အိုကေ... ပြဿနာမရှိပါဘူး။ သားက သူ့ကိုသယ်နိုင်လို့လား"
ESTÁS LEYENDO
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...