အခန်း ၁၆၄။ အသေးလေးသုံးယောက်၏ကမ္ဘာငယ်
အချိန်အတော်ကြာပြီးနောက် ယဲ့ရှော်သည် ထျန်းထျန်းရှိနေတာကို ဆရာတွေမသိအောင်ဖုံးထားရင်း အတန်းချိန်တစ်ခုပြီးတစ်ခု ပြီးသွားခဲ့သည်။
ဒါပေါ့။ သူ့မှာ ကူညီဖုံးကွယ်ပေးကြတဲ့ အတန်းဖော်ကောင်းတွေရှိသည်လေ။ ထျန်းထျန်းကလည်း ပျော်ရွှင်စွာဖြင့် စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ပြောင်းနေခဲ့သည်။
ထိုစာအုပ်များကလည်း လူသေးသေးလေးများ၊ ကြောင်လေးများ၊ ခွေးကလေးများအစရှိသဖြင့် အရောင်စုံခြယ်ရန်အတွက်ပဲဖြစ်သည်။
ဒါဟာ လော့ယန်၏အတန်းချိန်ကလွဲလို့ ကျန်သည့်စာသင်ချိန်တွေမှာဖြစ်သည်။
လော့ယန်၀င်မည့်အတန်းချိန်မှာတော့ ယဲ့ရှော်သည် ပထမဆုံးအတန်း၏အလယ်တွင်ထိုင်သည်။ ဟုတ်တာပေါ့။ ဒီအချိန်မှာတော့ ထျန်းထျန်းက သူ့ရင်ခွင်ထဲမှာဖြစ်သည်။
ထျန်းထျန်းလည်း လော့ယန်၀င်လာတာကိုမြင်သည်နှင့် သူ့လက်သေးသေးလေးကိုဝှေ့ယမ်းကာအော်ဟစ်နှုတ်ဆက်လေသည်။
"လော့လော့... လော့လော့..."
လော့ယန်သည် သင်ကြားရေးစာအုပ်များကို ဆရာစားပွဲပေါ် တင်ထားလိုက်ပြီး ကောင်ငယ်လေးကိုချီကာ လက်မောင်းများအကြားပွေ့ဖက်ထားလျက် နမ်းရှိုက်ပြီးမှ ယဲ့ရှော်ဆီ ပြန်ပို့ပေးလိုက်သည်။
ဆူဆူညံညံဖြစ်နေသည့် ကျောင်းသားများ----
"ပါမောက္ခလော့က အရမ်းကြင်နာတတ်တာပဲ"
"ပါမောက္ခလော့က စိတ်ထားကောင်းတယ်။ ရှောင်ထျန်းထျန်းကို ချီထားတဲ့ပုံစံက အရမ်းခန့်ငြားတာပဲ"
"တခြားဆရာတွေနဲ့ ပါမောက္ခတွေလည်း ဒီလိုလက်ခံပေးကြရင်ကောင်းမှာပဲ။ ဒါဆိုရှောင်ထျန်းထျန်းလည်း ပုန်းနေဖို့ မလိုတော့ဘူး"
"ဟုတ်ပါ့...."
ဒီအချိန်မှာတော့ ရှောင်ထျန်းထျန်းသည် ပုံတွေအရောင်မခြယ်ဝောာ့ဘဲ ယဲ့ရှော်၏ပေါင်ခွင်ပေါ်၌ လိမ်လိမ်မာမာလေးထိုင်ကာ လော့ယန်၏သင်ခန်းစာပို့ချမှုကို လူကြီးလေးသဖွယ် နားထောင်နေသည်။
သူနားမလည်ဘူးဆိုသော်လည်း လော့ယန်၀င်လာပြီး စာသင်နေစဉ်တစ်လျှောက်လုံး ငြိမ်ငြိမ်လေးနားထောင်ရင်း ပြုံးရယ်နေလေသည်။ တစ်ခါတစ်ရံမှာတော့ လော့ယန်ကို စာသင်တာကောင်းသည်ဟု အားပေးလိုသည့်အလား သူ့လက်သေးသေးလေးကိုမြှောက်လျက် လက်ခုပ်တီးတတ်ပါသေးသည်။
YOU ARE READING
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...