Extra 2 - ဒယ်ဒီအလုပ်ခရီးသွားပြီးနောက် (၁)

718 105 2
                                    

Extra 2 - ဒယ်ဒီအလုပ်ခရီးသွားပြီးနောက် (၁)

"အချစ်ရေ... ကိုယ့်လည်စည်းရော"

လင်ကျန်းရီသည် closet နောက်တွင်ရပ်ရင်း သူ့ဘာသာရှာမည့်အစား စုကျစ်ယန်ကို မေးလိုက်သည်။

"ဘယ်တစ်ခုလဲ"

စုကျစ်ယန်၏ခေါင်းပေါ်တွင် အမည်းရောင်မျဉ်းများ ပြည့်နှက်လာလေပြီ။

— ဒါက မေးဖို့တစ်ကယ်သင့်တော်တဲ့ မေးခွန်းဟုတ်ရဲ့လား။ အစမရှိ အဆုံးမရှိ။ ဘယ်လည်စည်းကို မေးမှန်းလဲမသိ။

ဒါပေမဲ့လည်း သူအိပ်ယာကထလာပြီး ဖြည်းဖြည်းချင်းလျှောက်လာရသည်။ မနေ့ညက လင်ကျန်းရီဆီက အရည်ညှစ်ထုတ်ခံထားရတာကြောင့် ကောင်းကောင်းပင် မရပ်နိုင်ပေ။

"နောက်ဆုံးတစ်ကြိမ်မှာ ကိုယ့်ကိုမွေးနေ့လက်ဆောင်ပေးခဲ့တာက မင်းလေးပဲလေ"

လင်ကျန်းရီ မျက်တောင်ခတ်ကာ အပြစ်ကင်းစင်ဟန်ဆောင်လိုက်သည်။ စုကျစ်ယန် သူ့ကိုတွန်းထုတ်လိုက်ပြီး closet ထဲ၌ လှန်လှောရှာဖွေလိုက်သည်။

အဲဒီ့နောက် အပြာရောင်အစင်းကျား လည်စည်းကိုယူကာ လင်ကျန်းရီလက်ထဲထည့်ပေးရင်း အကူအညီမဲ့စွာ ပြောလိုက်သည်။

"ဒီနေရာမှာပဲ ရှိနေတာမဟုတ်ဘူးလား။ ကိုယ့်ဘာသာမရှာဘဲ ခေါ်နေသေးတယ်။ အပျင်းကြီးချက်ကတော့..."

လင်ကျန်းရီဟာ လည်စည်းကို မယူဘဲ သူ့လည်ပင်းကော်လာဆီကို ညွှန်ပြလိုက်သည်။

"ကိုယ့်ဇနီးလေး... စည်းပေးပါဦးနော်"

စုကျစ်ယန်စိုက်ကြည့်ပစ်လိုက်ရာ လင်ကျန်းရီတစ်ယောက် သွေးကြီးနေဟန်ပြုံးပြသည်။

"ကိုယ်က အလုပ်ခရီးသွားမှာလေ။ မဟုတ်ဘူးလား ဇနီးလေး။ ဘာလို့မထူးခြားနားဖြစ်နေရတာလဲ။ ဒီလိုအချိန်မှာ ကိုယ့်ကိုလွှတ်လိုက်ဖို့ တွန့်ဆုတ်နေတဲ့ကြားက အလုပ်ကြိုးစားဖို့ မှာကြားနေသင့်တာလေ"

"လိုအပ်လို့လား"

စုကျစ်ယန်သက်ပြင်းချကာ ကံကြမ္မာကိုလက်လျှော့လိုက်ပြီး ခင်ပွန်းသည်၏ လည်စည်းကိုသာ ခိုင်မြဲစွာ စည်းနှောင်ပေးရင်း ကြည့်ကောင်းအောင် ညှိပေးလိုက်လေသည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Where stories live. Discover now