အခန်း ၁၇၆။ အတွေ့အကြုံမရှိခြင်း

1K 154 6
                                    

အခန်း ၁၇၆။ အတွေ့အကြုံမရှိခြင်း

လင်းခိုင်သည် အလွန် formal ကျသော black suit ကို၀တ်ထားကာ တံခါးအပြင်၌ ခွန်အားပြည့်၀စွာ ရပ်နေလေသည်။

တံခါးလာဖွင့်သူက ကုဖုန်းဖြစ်ကြောင်း မြင်ပြီးနောက် ခဏလောက်တွေဝေသွားပြီး ရိုးရိုးသားသားပြုံးလိုက်သည်။

"မစ္စတာကု... နိုးသွားတာလား  sorry... ပါဗျာ။ တံခါးလာဖွင့်တဲ့သူက ရှောင်ယဲ့ဇီဖြစ်သင့်တာမလား"

"....."

ကုဖုန်းသည် ထိတ်လန့်နေသောစိတ်အစဉ်ကို လွှတ်ချကာ ဖျော့တော့စွာပြောလိုက်သည်။

"မင်းအတွက်တံခါးလာဖွင့်ပေးဖို့ သူ့ရဲ့လော့လော့ကို ထားခဲ့မယ်ထင်နေတာလား"

"ဟီးဟီး... ဒါပေါ့ဗျာ။ လွတ်လပ်နေတဲ့သူက ခင်ဗျားတစ်ယောက်ပဲ ရှိတာလေ"

လင်းခိုင်သည် အပြုံးတစ်ပွင့်ဖြင့် ဖြေပြီးနောက်မှ ကုဖုန်းနှင့်သူ အဲဒီ့လောကခယ်မရင်းနှီးကြောင်း သတိပြုမိသွားသည်။ သာမန်လိုစနောက်တာမျိုးမကြိုက်ဘဲ စိတ်ဆိုးဒေါသထွက်လိမ့်မလားဆိုတာလည်း သူမသိပေ။

ဒါပေါ့ သူ့ပါးစပ်ကိုပိတ်ကာ အနောက်မှ ကင်မရာအသုံးအဆောင်များကို လှည့်ယူလိုက်သည်။

ကုဖုန်း ထပ်ပြီးမအိပ်ချင်တော့ပေ။ လက်မောင်းနှစ်ဘက်ကိုပိုက်ကာ တံခါးဘောင်တွင်မှီရပ်နေပြီး ငတုံးလေးလင်းခိုင်ကို မကြည့်ဘဲမနေ
နိုင်ပေ။

"ငါပြောဦးမယ် ဖက်တီးလေး... မင်းကြည့်ရတာ အတော်လေးဝိတ်ကျသွားသလိုပဲ။ မင်းတစ်ကယ်ကြီး လေ့ကျင့်ခန်းသွားလုပ်တာလား"

ကုဖုန်းတစ်ယောက် လင်းခိုင်ကို အထက်အောက် စုန်ဆန်ကြည့်သည်။ ဒီကောင်လေးသည် ၀နေသေးသည်ဆိုသော်ငြား အရင်လောက် အ၀လွန်နေတာမျိုးမဟုတ်တော့ပေ။

အရင်ထက်ပိန်သွားပြီဖြစ်ကာ အနည်းဆုံး တစ်ဆယ်ကတ်တီလောက် အလေးချိန်လျော့သွားလေပြီ။ ထို့ပြင် အမြင်အရဆိုပါက ထိုမျှပင် မကလောက်ဟုထင်ရသည်။

(* အချစ်ရဲ့စွမ်းအားတွေနဲ့ fitness cardကြောင့် သူလေးပိန်သွားပြီ။ ဟားဟားဟား)

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Where stories live. Discover now