အခန်း ၂၀၄။ ချိုမြိန်သော အဆုံးသတ် (ဇာတ်သိမ်း အပိုင်းခွဲ -၂)
ကလေးနှစ်ယောက်ဖြစ်သော လင်ကျစ်ရွှမ်နှင့် လင်ကျစ်ဟောင်တို့ကလည်း ပျော်ရွှင်ကိစ္စထဲ မပါဘဲမနေနိုင်ပေ။ ဒါကြောင့် သူတို့ကို ပန်းခြင်းသေးသေးလေးများ ကိုင်စေပြီး သူတို့သားအဖရှေ့မှနေ၍ ယဲ့ရှော်ရှိရာ စင်မြင့်ဆီသို့ လမ်းတစ်လျှောက် ပန်းပွင့်ချပ်လေးများကို ကြဲသွားစေသည်။
ချစ်ခြင်းမေတ္တာများကို ၀န်ခံချိန်မှာ လော့ယန်ပြောလိုက်သည်။
"သူက ကျွန်တော့်အတွက်ဆိုရင် အသက်ပေးဖို့တောင် ၀န်မလေးတဲ့သူပါ။ ဒီကမ္ဘာပေါ်မှာ သူကလွဲလို့ ကျွန်တော့်အပေါ် ဒီလောက်အထိ ချစ်ပေးနိုင်တဲ့သူမရှိဘူး။ ကျွန်တော် သူနဲ့လက်ထပ်ပြီး တစ်ဘ၀လုံးချစ်မြတ်နိုးသွားဖို့ ဆန္ဒရှိပါတယ်"
[*လူကြီးဧည့်ပရိတ်သတ်တွေလည်းရှိတာကြောင့် လော့ယန်ရဲ့အပြောကို ယဉ်ကျေးအောင် 'ကျွန်တော်'နဲ့သုံးပေးထားပါတယ်။]
ယဲ့ရှော်သည် တစ်ဘက်လှည့်ကာ သူ့ကိုယ်သူ သတ်သေစဉ်က ကျန်ရစ်ခဲ့သော လက်ကောက်ဝတ်က အမာရွတ်ကို မသိမသာလေးဖုံးလိုက်သည်။
အဲဒီ့တုန်းက သူဟာစိတ်မြန်လက်မြန်ရှိသူဖြစ်ကာ ကျန်ရစ်ခဲ့မည့်သူ၏ ခံစားချက်အကြောင်း ကျိုးကြောင်းမစဉ်းစားတတ်ခဲ့ပေ။ ဒီအမာရွတ်ကျန်နေခဲ့တာက လော့လော့ကို နာကျင်စေမိသည့် သူ့အပြစ်နဲ့ထိုက်တန်သည်။
ယဲ့ရှော်သည် အစတုန်းက အနည်းငယ်သာ ပြောလိုခဲ့သော်လည်း လော့ယန်၏စကားလုံးများကိုကြားပြီးနောက် နှလုံးသားထဲတွင် ထောင်ချီနေသော စကားလုံးများဖြင့် ပြည့်နှက်သွားတော့သည်။
"လော့လော့ကလည်း ကျွန်တော့်အတွက် အများကြီးပေးဆပ်ခဲ့တယ်။ ကျွန်တော့်မှာ ဘာမှမရှိခင်တုန်းက ကျွန်တော့်ကိုမစွန့်လွှတ်ခဲ့တဲ့အပြင် ကျွန်တော့်ကိုဂရုစိုက်ပေး၊ နှစ်သိမ့်ပေးပြီး ရှေ့ဆက်ဖို့ခွန်အားတွေပေးခဲ့တယ်။ သူသာမရှိရင် ကျွန်တော်အခုလို အနေအထားမျိုးကို ရောက်လာခဲ့မှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို လော့လော့ကြောင့် ပြန်လည်မွေးဖွားလာတဲ့လူလို့တောင် ခေါ်လို့ရနိုင်တယ်။ သူကနူးညံ့ကြင်နာပြီး ထောက်ထားညှာတာတတ်တယ်။ ဒါပေမဲ့ သူ့ရဲ့နှလုံးသားကတော့ သာမန်လူတွေထက် ခိုင်မာတယ်။ ကျွန်တော်သူ့ကိုချစ်တယ်။ ကျန်တဲ့ဘ၀သက်တမ်းတစ်လျှောက် သူနဲ့အတူရှိချင်ပြီး နောက်ထပ်ဘ၀တိုင်း ဘ၀တိုင်းမှာလည်း သူနဲ့ပြန်ဆုံချင်ပါတယ်"
ESTÁS LEYENDO
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...