အခန်း ၁၇၄။ ပူးပေါင်းကြံစည်၍ လိမ်လည်ခြင်းများ

319 12 0
                                    

အခန်း ၁၇၄။ ပူးပေါင်းကြံစည်၍ လိမ်လည်ခြင်းများ

ကုဖုန်း၏ကားထဲတွင်ပါလာသူက ဘယ်သူလဲဆိုတာ စုယန်အစကတည်းကသိပါသည်။ သားဖြစ်သူကို ဂေဟာ၏၀င်ပေါက်မှာ ထားခဲ့ပြီးနောက် အမှောင်ထဲတွင် အချိန်အတော်ကြာရပ်နေခဲ့ပြီး ဂေဟာ၏တာဝန်ရှိသူမှ သားကိုအထဲခေါ်သွားသည်ကို မြင်ပြီးမှ ပြန်ခဲ့တာဖြစ်သည်။

နှစ်နှစ်ဆယ်ကျော်သွားပြီဖြစ်သော်လည်း၊ ဂေဟာမှူးအမျိုးသမီး အရွယ်ကျနေပြီဆိုသော်လည်း စုယန်ကတော့ သူမကိုမှတ်မိနိုင်ပါသေးသည်။

အမျိုးသမီးကြီးသည် အကူအညီမဲ့နေသော ကလေးများစွာကို ပြုစုစောင့်ရှောက်ခဲ့ရသည့်အတွက် ရှိရင်းစွဲအသက်ထက် ကြီးရင့်ဟန်ပေါ်နေခဲ့သည်။

ကံကောင်း၍ ဒီနှစ်ပိုင်းတွေမှာ ဂေဟာကိုရောက်လာသည့် ကလေးအရေအတွက် နည်းသွားခဲ့သည်။ ကလေးများကိုစောင့်ရှောက်ပေးမည့် နောက်ထပ်ဂေဟာမှူးတစ်ယောက်လည်း ရှိနေခဲ့ပြီဖြစ်သည်။

လင်ကျန်းရီနှင့်ဘစြကျစ်ယန်တို့သာတိုက်တွန်းပါက သူတို့အိမ်မှာ ရက်အနည်းငယ်ပင် နေထိုင်တည်းခို၍ ရပါသေးသည်။

ဒါပေါ့။ ဂေဟာမှူးမှ ကလေးများကို သင်ကြားရေးနှင့် ပတ်သတ်သည့် အခြားအကျိုးကျေးဇူးလည်းရှိသည်။ အဲဒါကတော့ စဉ်းစားတွေးခေါ်မှုနှင့် သားသမီးဝတ်ပဲဖြစ်သည်။

သူတို့အားလုံးသည် ဂေဟာမှူးကို မိခင်အဖြစ်သတ်မှတ်ထားကြပြီး လိမ္မာရေးခြားလည်းရှိသည်။ ဆင်းရဲနွမ်းပါးပြီးဒုက္ခခံစားဖူးသည့် အတွေ့အကြုံများကြောင့် လိုအပ်သော၊ လိုချင်သော ပန်းတိုင်များဆီရောက်နိုင်အောင် ပို၍ကြိုးစားရုန်းကန်ကြရသည်။

ထို့နောက် စုကျစ်ယန်ကစလို့ နောက်ပိုင်းရော အရင်တုန်းကရော ရှိ
ခဲ့ကြသည့်ကလေးများသည် ကြီးပြင်းလာကြပြီး ကလေးလို့ ခေါ်ရမည့်အရွယ်ပင်မကကြတော့ပေ။

သို့သော် ဂေဟာမှူး၏မျက်လုံးထဲမှာတော့ သူတို့အားလုံးက ကလေးလေးတွေပင်။ ဒီကလေးတွေအကုန်လုံး အချိန်တန်လျှင် ကိုယ်စီကိုယ်ငှ ဖိတ်စာတွေပေးပို့လာကြလိမ့်မည်။ အဲဒီ့အခါ သူမကလည်း မိခင်တစ်ယောက်အနေဖြင့် ကောင်းချီးပေးရမည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Where stories live. Discover now