အခန်း ၂၀၂။ ဇနီးလေး... မင်းခန့်မှန်းတာ မှန်တယ်။

267 10 0
                                    

အခန်း ၂၀၂။ ဇနီးလေး... မင်းခန့်မှန်းတာ မှန်တယ်။

လင်ကျန်းရီသည် စုကျစ်ယန်ထံမှ ဖုန်းကောကိုရပြီးနောက် ဆေးရုံသို့အပြေးအလွှားသွားခဲ့ပြီး သူ့သားတွေနှင့် ဇနီးလေး အဆင်ပြေပြရှေိနေကြောင်း မြင်ပြီးကာမှ လုံးဝစိတ်အေးသွားရသည်။

ဖုန်းထဲမှာတုန်းက အသေးစားအက်ဆီးဒန့်တစ်ခုကြောင့် အကြီးကောင်လေးဒဏ်ရာရမလို ဖြစ်သွားခဲ့ပြီး ကံကောင်းစွာဖြင့် တစ်စုံတစ်ယောက်က အချိန်မီကယ်ပေးခဲ့သည်ဟု စုကျစ်ယန်ပြောခဲ့သည်။

သို့သော်လည်း စုကျစ်ယန်တစ်စုံတစ်ရာကို ဖုံးကွယ်ကာ သူ့ကိုမပြောတာမျိုး ဖြစ်မှာစိုးရိမ်ပြီး အပြေးအလွှားလာခဲ့တာဖြစ်သည်။

လင်ကျန်းရီရောက်လာသည်ကို လင်ကျစ်ရွှမ်မြင်ပြီးနောက် သူ့ဒယ်ဒီကို ပွေ့ဖက်ရန် လက်ကမ်းပေးလာရင်း မျက်နှာလေးအုံ့မှိုင်းလျက် အားနည်းဖျော့တော့စွာခေါ်သည်။

"ဒယ်ဒီ..."

လင်ကျန်းရီသည် သူ့သား၏ မျက်ဝန်းထောင့်လေးများ စိုလက်နေပြီး နောက်တစ်ခါထပ်ငိုချင်နေပုံရကြောင်း မြင်လိုက်ရတာကြောင့် မြန်မြန်ပွေ့ခေါ်လိုက်ပြီး ကြင်နာစွာပြောလိုက်သည်။

"အိုကေ... အိုကေ... ဒယ်ဒီ့ချစ်သားလေး... မငိုရဘူးနော်..."

လင်ကျစ်ရွှမ်သည် သူ့ခေါင်းလေးကို လင်ကျန်းရီ၏ပခုံးတွင် မြှုပ်နှံထားပြီး တီးတိုးရေရွတ်သည်။

"ဒယ်ဒီ... ပါ့ပါလေ... သားကိုဆူတယ်။ ရိုက်လည်းရိုက်တယ်"

တိုင်တောသံကို စုကျစ်ယန်ကြားပြီးနောက် ရယ်ရမလား ငိုရမလားမသိဝော့ပေ။ ကောင်စုတ်လေးက ဘယ်လိုပြန်ပြီး တိုင်တန်းရမလဲဆိုတာ တစ်ကယ်ကို သင်ယူထားတာပဲ။

လင်ကျန်းရီသည် စုကျစ်ယန်ကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်လိုက်သည်။ အိမ်မှာဖြစ်သည့်ကိစ္စများဆိုပါက သူဟာ သူ့ဇနီးလေးပြောသမျှ နားထောင်တတ်သည်။

တစ်ကယ်လို့ သားဖြစ်သူက ပြန်တိုင်တာဆိုရင်တော့...

အဲဒီ့လိုဆိုရင်လည်း သူ့ဇနီးလေးကို သင်ခန်းစာပေးလို့မရဘူးလို့....။ ဟုတ်တယ်မလား။ ပြီးဝော့ သူ့မှာလုပ်ရဲတဲ့သတ္တိလည်းမရှိပါဘူး။ သူလုပ်ရဲရင် သူပဲပြန်ခံစားရမဲ့ဟာကို...။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ