အခန်း ၂၀၁။ မရေရာသော ခန့်မှန်းချက်

679 103 12
                                    

အခန်း ၂၀၁။ မရေရာသော ခန့်မှန်းချက်

ကလေးသုံးယောက်သည် လူကြီးများ၏ ရယ်မောနေသံများကို ကြားသောအခါ မနေနိုင်ဘဲ သိချင်စိတ်ဖြင့် လာစပ်စုကြသည်။

"ပါ့ပါ... ဘာတွေရယ်နေကြတာလဲ"

"သားရဲ့မွေးစားဖေဖေက လက်ထပ်တော့မှာလေ။ သူတို့နဲ့တွေ့ချင်လား"

စုကျစ်ယန်သည် သူ့ဒူးပေါ်တွင် လဲလျောင်းနေသော လင်ကျစ်ရွှမ်ကို ပွေ့ချီလိုက်ပြီး နှာခေါင်းထိပ်လေးကိုအသာညှစ်ရင်း ပြန်မေးလိုက်သည်။

လင်ကျစ်ရွှမ် မျက်တောင်တဖျတ်ဖျတ်ခတ်သည်။

"လက်ထပ်တယ်... အဲဒါက မင်းသမီးလေးနဲ့ မင်းသားလေး အတူတူရှိတာမျိုးလား"

"ဟုတ်တယ်"

စုကျစ်ယန်ရှင်းပြသည်။

"သားတို့ရဲ့အန်ကယ်ယဲ့ရှော်က မင်းသားလေး... သားတို့ရဲ့မွေးစားဖေဖေကတော့... အမ်း... သူကလည်း မင်းသားလေးပဲ..."

"မင်းသားလေးနဲ့ မင်းသားလေးက အတူတူ နေလို့ရတာလား"

လင်ကျစ်ရွှမ် မျက်မှောင်ကြုပ်ကာ ရှုပ်ထွေးသွားသည်။

"ပုံပြင်တွေထဲမှာဆို မင်းသမီးနဲ့ မင်းသားလေးကပဲ အတူတူနေသွားတာ မဟုတ်ဘူးလား"

"ဒါပေါ့... မင်းသားလေးနဲ့ မင်းသားလေးလည်း အတူနေလို့ရတယ်လေ"

လင်ကျစ်ဟောင်က ရုတ်တရက် ၀င်ပြောလာသည်။

"ကြည့်လိုက်... ဒယ်ဒီနဲ့ ပါ့ပါကလည်း မင်းသားလေးတွေပဲပေါ့..."

"အိုး... ဒါဆို နောက်ကျရင် သားတို့က လက်ထပ်ဖို့ မင်းသမီးလေး ရှာစရာမလိုဘူး။ မင်းသားလေးရှာလည်း ရတယ်ပေါ့နော်"

လင်ကျစ်ရွှမ်က အကြောင်းပြချက်ပေးသည်။

"....."

စုကျစ်ယန် ခဏလောက်တိတ်ဆိတ်နေပြီး ခေါင်းညိတ်လိုက်သည်။

"မှန်တယ်"

"အိုး..."

လင်ကျစ်ရွှမ်သည် အားတက်သွားပြီး တစ်ခါထပ်ပြေးလွှား ကစားပြန်သည်။ သူ့နောက်က လင်ကျစ်ဟောင်နှင့် ထျန်းထျန်းတို့ပါ လိုက်ပါကြပြီး ပြေးလွှားရင်းပင် ကနေသောအရုပ်လေးများလို တွန့်ခါနေကြပြန်သည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Donde viven las historias. Descúbrelo ahora