အခန်း ၁၃၄ - မေ့မရနိုင်သော

2K 48 0
                                    

အခန်း ၁ မှ ၁၃၃ အထိက wallထဲမှာ book 1 ရှိပါတယ်။ ၁၃၄ အစပိုင်းလေး ပိစိသေးသေးလေး (၂ကြောင်းထဲ) အသက်မပြည့်သေးရင် ကျော်ဖတ်ပါ။ အောက်မှာ အစားအသောက်ပုံလေးတွေ ထည့်ပေးထားတယ်

*********

အခန်း ၁၃၄ - မေ့မရနိုင်သော

"ရီ... ဟာ့... ရှင်းရီခွိုက်လာ့... ဟင်း... "

"အင်း.... ဇနီးလေး... ဟာ့.... မင်းကအရမ်းကိုချစ်စိတ်ပြင်းပြတာပဲ။ ဒါပေါ့ ကိုယ်သဘောကျတယ်လေ။ အား... ကိုယ်ကတော့ ၃၆၅ ရက်လုံး ကိုယ့်မွေးနေ့ရက်တွေ ဖြစ်စေချင်သား"

လင်ကျန်းရီ စနောက်သည်။ စုကျစ်ယန် သူ့အသားကိုဆိတ်ဆွဲကာ ပြန်ပြောလိုက်သည်။

"လျှောက်ပြောနေတယ်"

ညတာဟာ ရှည်လျားသည့်တိုင် ကုန်ဆုံးသွားခဲ့လေပြီ။ မွေးနေ့အကြောင်း သူပြန်တွေးချိန်တိုင်း ဒီကနေ့မှာကျရောက်တဲ့မွေးနေ့ဟာ သူ့တစ်ဘ၀လုံးမှာ အပျော်ဆုံးဖြစ်သည်ဟု ခံစားမိသည်။

သို့သော် ဒီပျော်ရွှင်မှုရဲ့ရလဒ်ကတော့ နှစ်ယောက်စလုံး နောက်တစ်နေ့မှာ အိပ်ရာကနေ မထနိုင်တော့ခြင်းပင်။

နှစ်ဦးသား အိပ်ရာထဲတွင် လုံးထွေးသတ်ပုတ်ခဲ့ကြပြီးနောက် မနက်မှာတော့ ကျယ်လောင်စွာဟောက်ရင်း အိပ်ပျော်နေကြတော့သည်။

ထို့‌နောက် ပထမဦးဆုံးနိုးလာသူက လင်ကျန်းရီဖြစ်သည်။ သူသည် အိပ်ပျော်နေသော စုကျစ်ယန်၏ရုပ်သွင်ကို ငေးကြည့်နေပြီးနောက် နှလုံးသားတစ်ခုလုံးဖြင့် ကြိတ်၍ရယ်မောလိုက်သည်။ ထို့နောက် ကိုယ်ကိုကိုင်းကာ နှုတ်ခမ်းလွှာလေးပေါ် နမ်းရှိုက်လိုက်သည်။

ဒီလိုအချိန်မျိုးဟာ တစ်စုံတစ်ယောက်အတွက် ဘာမျှမလုပ်ဘဲ တိတ်တဆိတ်ငေးကြည့်နေရုံဖြင့် နှလုံးသားထဲ နွေးထွေးလာမည်ပင်။

ဒီတစ်ကြိမ်ကိုဖယ်လိုက်လျှင် သူတို့နောက်ဆုံးအကြိမ် အတူလူးလှိမ့်ခဲ့သည့်အကြောင်း သူပြန်မတွေးဘဲ မနေနိုင်ပါ။ ထိုနေ့မနက်က နိုးလာတော့ အသေးလေးက သူ့ဘေးမှာမရှိတော့။ ထွက်ပြေးသွာစခဲ့ပြီဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူ့သားနှစ်ယောက်ကို လွယ်ထားသည့် ထိုကောင်လေးကို သူပြန်ရှာတွေ့ခဲ့သည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Tahanan ng mga kuwento. Tumuklas ngayon