အခန်း ၁၄၃ - နောက်ဆုံးတော့ လက်ထပ်မှတ်ပုံတင်ရခဲ့ပြီ။
"ဟန်နီ... ထတော့ ကိုယ်တို့ ဒီနေ့ လက်ထပ်မှတ်ပုံတင် သွားယူကြမယ်လေ"
မျှော်လင့်စောင့်စားနေခဲ့ရသော ဇန်နဝါရီလခြောက်ရက်နေ့သို့ ရောက်ခဲ့လေပြီ။လင်ကျန်းရီ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်၊ အ၀တ်လဲကာ စုကျစ်ယန်ကို စောင့်နေသည်။ သို့သော် စုကျစ်ယန်ကမူ မနေ့ညက မိဘများနှင့် အချိန်ဖြုန်းခဲ့သည်မို့ ယခုတိုင် အိပ်ရာထဲလဲလျောင်း အိပ်စက်မြဲဖြစ်သည်။
"ညတုန်းက ညဉ့်နက်ထိ ဓာတ်ပုံတွေကြည့်ခဲ့ကြတာ။ ရီ... ကျွန်တော်ပင်ပန်းနေလို့ မထချင်ဘူး။ အိပ်ချင်သေးတယ်"
"ဟန်နီ... ကိုယ့်ဇနီးလေး။ မြန်မြန်လေးထပါကွာ။ ဒီမှာ မင်းဝတ်ဖို့အ၀တ်တောင် ကိုယ်ထုတ်ပေးထားတယ်။ မြန်မြန်လေး..."
လင်ကျန်းရီသည် လက်တစ်ဘက်တွင် အ၀တ်များကိုင်ထားလျက်ရှိကာ ကျန်တစ်ဘက်ဖြင့် စုကျစ်ယန်ကို ဆွဲထူနေလေသည်။
ဆောင်းရာသီမို့ လူများသည် အိပ်ယာထဲလဲလျောင်းရသည်ကို နှစ်သက်ကြပြီး အိပ်ယာမှလွဲ၍ နွေးထွေးမှုပေးနိုင်သောအရာ ဘယ်မှာမှမရှိ။ ဒါကထူးဆန်းသည်ဟု စုကျစ်ယန် တွေးမိသည်။"ပြဿနာမရှာပါနဲ့ကွာ။ မှတ်ပုံတင်ပေးတဲ့ရုံးက ကိုးနာရီမှဖွင့်မှာ။ အခုမှခြောက်နာရီခွဲပဲရှိသေးတာကို။ နည်းနည်းလေးထပ်အိပ်ပါရစေဦး"
စုကျစ်ယန်တစ်ဘက်လှည့်ကာ အိပ်ယာခင်းကိုဖက်ထားရင်း ညည်းတွားလိုက်သည်။"....."
လင်ကျန်းရီ တစ်ချက်မျှကြည့်လိုက်သော်လည်း လွှတ်ပေးရန် ငြင်းဆိုသည်။
"မရဘူးနော် ကိုယ့်ဇနီးလေး... ပြန်မအိပ်နဲ့တော့။ လက်ထပ်မှတ်ပုံတင်သွားယူပြီး ပြန်ရောက်မှ ထပ်အိပ်လို့မရဘူးလား။ ဒီနေ့က နေ့ကောင်းနေ့မြတ်လေ။ စောစောသွားပြီး ဦးအောင်တန်းစီရမှာ။ ဒီနေ့က အထိန်းအမှတ်နေ့လေးဖြစ်လာမှာလေ""အိပ်ချင်တယ်"
စုကျစ်ယန်သည် အပေးအယူလုပ်ရန် ငြင်းဆိုပါ၏။ လင်ကျန်းရီသည် အိပ်ယာခင်း၏ အနားစွန်းကိုဆွဲမလိုက်ပြီး ပေါ်ထွက်လာသည့်စုကျစ်ယန်၏လက်ကို အေးသွားစေသည်။
"ဟန်နီ... အိပ်ရာထလို့မရဘူးလား။ ကျစ်ယန်... ယန်ယန်... ဇနီးလေးရေ..."
ESTÁS LEYENDO
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...