အခန်း ၁၆၃။ ထျန်းထျန်းကို တက္ကသိုလ်သို့ ခေါ်သွားခြင်း။

264 14 0
                                    

အခန်း ၁၆၃။ ထျန်းထျန်းကို တက္ကသိုလ်သို့ ခေါ်သွားခြင်း။

ကျောင်းသားများကို သင်ခန်းစာပို့ချနေစဉ် လော့ယန်၏ဖုန်း ရုတ်တရက်မြည်လာသည်။ မည်သို့ဆိုစေ သူကဟောပြောပို့ချနေသူတစ်ယောက်မို့ ကျောင်းသားများဟာ သူ့ဖုန်းရုတ်တရက်မြည်လာသည့်အပေါ် စိတ်မကွက်ကြပါ။

caller ID ကျု လော့ယန်ကြည့်လိုက်ရာ မူကြိုကခေါ်တာဖြစ်နေတာကြောင့် အမြန်ကိုင်လိုက်သည်။ အဲဒီ့နောက် မူကြိုဆရာမ၏ ရှက်ကိုးရှက်ကန်းအသံ ထွက်ပေါ်လာလေသည်။

"မစ္စတာလော့... ဟယ်လို... မစ္စတာရဲ့သားလေးကလေ တစ်ချိန်လုံး ငိုနေတယ်ရှင့်။ ဘယ်လိုပဲချော့ချော့မရဘူး။ ငို‌နေရင်းနဲ့ 'လော့လော့' နဲ့ 'ရှောင်ယဲ့ဇီ' ကိုပဲရှာနေတယ်။ ကလေးကိုမူကြိုမပို့ခင် နည်းနည်းလေး ဒီ့ထက်အရွယ်ရောက်အောင် စောင့်လိုက်ရင်ရော...။ ကျွန်မရော တခြားဆရာမလေးတွေပါ အတော်မောနေကြပါပြီရှင်"

"ကျွန်တော်အခုပဲ လာခဲ့ပါ့မယ်"

ကလေးငိုနေသည်ဆိုတာနှင့် လေယ့ယန်၏နှလုံးသားလေး ကိုက်ခဲနာကျင်သွားရသည်။ သူဖုန်းချပြီးနောက် ယဲ့ရှော်ဆီ ချက်ချင်းခေါ်လိုက်သည်။

"ရှောင်ရှော်... မင်းကလေးငိုနေတာကို မချော့ဘဲ ဒီအတိုင်းထားခဲ့တာလား"

"ဟမ်.... မဟုတ်ပါဘူး။ ကျွန်တော်ထွက်လာတော့ သူပျော်ပျော်ရွှင်ရွှက်ပါပဲ"

ယဲ့ရှော် ခပ်တိုးတိုးပြန်ဖြေသည်။ ကြည့်ရတာ အတန်းထဲရောက်ပြီဖြစ်လိမ့်မည်။

"မူကြိုကဆရာမဖုန်းခေါ်တယ်။ ကလေးငိုနေတယ်တဲ့"

လော့ယန် သက်ပြင်းချသည်။

"နှစ်ရက်လုံး အတွေ့အကြုံယူခဲ့တာတောင် သူ့ချည်းပဲ ပို့ခဲ့လို့မရသေးဘူး"

"ဒါဆို အတန်းဆက်ဝင်ပါ။ ကျွန်တော်သွားကြည့်လိုက်မယ်"

ယဲ့ရှော်အနေဖြင့် အတန်းလစ်လို့ရသော်လည်း လော့ယန်က ပါမောက္ခတစ်ယောက်ဖြစ်သည်။ ဒီတော့ ကျောင်းသားအပြည့်ရှိနေသည့် အတန်းတစ်ခုကို သည်အတိုင်းထားခဲ့လို့မရပေ။

"မေ့လိုက်တော့။ အတူတူသွားရအောင်။ သူတို့ကို နေ့လည်အတွက် သင်ခန်းစာပေးခဲ့လိုက်မယ်"

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Donde viven las historias. Descúbrelo ahora