အခန်း ၁၉၈။ ဒီခံစားချက်က တစ်ကယ်စိတ်လှုပ်ရှားဖို့ကောင်းတယ်။
ကုဖုန်းက လိမ္မာပါးနပ်သူဖြစ်တာကြောင့် လင်းခိုင်ရဲ့မျက်ဝန်းထဲက ၀မ်းနည်းရိပ်ကို မမြင်ဘဲဘယ်နေပါ့မလဲ။ ဒါပေမဲ့ အဲဒီ့လိုဝမ်းနည်းနေတာကို မြင်ရတာက သူ့ကိုယ်သူပိုပြီး ယုံကြည်ချက်ရှိစေသည်။
ခိုင်ဇီ့အနေနဲ့ သူ့ကိုကြိုက်တယ်၊ မကြိုက်ဘူးဆိုတဲ့အပေါ် ဂရုမစိုက်ဘူးဆိုရင် လော့ယန်ကို သူကြိုက်နေသေးလားဆိုတာ ဘယ်ဂရုစိုက်နေပါ့မလဲ။
ဒါပေါ့။ အသက်စက်စက်ချစ်သူလေး ၀မ်းနည်းနေမှတော့ ကုဖုန်းရဲ့နှစ်သိမ့်စကားတွေက နောက်ကနေ တစ်ဆက်တည်း လိုက်မလာလို့ ဖြစ်ပါ့မလားလေ။
"ခိုင်ဇီ... ငါပြောတာနားထောင်။ ငါမင်းကို သဘောကျတယ်။ ဒါပေမဲ့ ခံစားချက်ချင်းက မတူဘူးလေ။ မင်းသူ့ကို သဘောကျတာ၊ မကျတာ အသာထား။ ငါမင်းကို လိမ်မပြောချင်လို့ပါ။ ဒါကြောင့် ငါသူ့ကို သဘောကျနေတုန်းပဲလို့ မင်းကိုဝန်ခံခဲ့တာ။ တစ်ကယ်လို့ ငါမင်းကိုလိမ်ညာမယ်ဆိုရင် မင်းတွေးကြည့်လိုက်... မင်းတစ်ကယ်ပျော်ရွှင်ရမှာလား။ ပြီးတော့ အရင်တုန်းက ငါသူ့ကိုချစ်ခဲ့တယ်ဆိုပေမဲ့ လက်ရှိငါ့ရဲ့အချစ်ကတော့ မင်းတစ်ယောက်ထဲလေ။ ငါသူ့ကိုအတတ်နိုင်ဆုံး မေ့နိုင်အောင်ကြိုးစားမှာပါ။ ဒါပေမဲ့ တစ်စုံတစ်ယောက်အပေါ် ထားဖူးတဲ့ ခံစားချက်ဆိုတာမျိုးက အကြွင်းအကျန်တော့ ရှိတတ်တာပဲမလား။ ဟုတ်တယ်... ခိုင်ဇီ... ငါမင်းအပေါ် လုံးဝအပြည့်အ၀ကြွေဆင်းသွားဖို့ ယုံကြည်ချက်မရှိဘူးလား"
လင်းခိုင် တွေဝေသွားသည်။ ကုဖုန်းဆီက ဒီလိုစကားမျိုး ကြားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဒီပတ်သတ်မှုကို ဘယ်လိုငြင်းဆန်ရမလဲဆိုတာကိုသာ တွေးထားခဲ့တာဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ယောက်ျားလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားဖို့ မမျှော်လင့်ထားပေမဲ့လည်း ကုဖုန်းရဲ့စကားလုံးတွေက သူ့နှလုံးသားကို ထပ်မံလှုပ်ခါလိုက်ပြန်သည်။
လွန်ခဲ့သာနှစ်နှစ်အကြောင်း ပြန်ပြောရလျှင် ကုဖုန်းက တစ်ကယ်ကိုပျော်တတ်သော လူတစ်ယောက်ဖြစ်သည်။
YOU ARE READING
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...