အခန်း ၁၄၁။ ပြောစမ်း။ မင်းအဲဒါကိုဖွက်ထားတာလား။
လင်းခိုင်သည် လင်ကျန်းရီထံမှ blacklist စာရင်းသွင်းခံရမည်ကို ကြောက်ရုံတင်မက ဖိနှိပ်ခံရပြီး လျှို့ဝှက်စွာ lesson ပေးခံရမှာကိုပါ စိုးရိမ်တာကြောင့် သူ့လက်ကိုအမြန်ပြန်ရုတ်လိုက်သည်။
စုကျစ်ယန်သည် လင်းခိုင်ကိုပြုံးပြနေရင်းဖြင့် လင်ကျန်းရီကို တံတောင်နှင့်တွက်ကာ နဂိုမူလပုံစံဆီ ပြန်လည်ရောက်ရှိစေသည်။
ဒီလိုဆိုရင်တောင်မှ လင်းခိုင်ကတော့ အနည်းငယ်စိုးရိမ်ကြောင့်ကြနေတုန်းပင်။ သူပြုံးကာ နောက်ကိုခြေနှစ်လှမ်းဆုတ်လိုက်ပြီး ပါးစပ်မှ ထုတ်မေးရန်လည်းမမေ့ပါ။
"ကျစ်ယန်... မင်းဒီကို အလုပ်ပြန်အ၀င်ပြဖို့လာတာလား"
ဒီလိုဆိုလျှင်လည်း ကောင်းပါသည်။ သူ့အလုပ်တာ၀န်တွေ လျော့ပါးသွားနိုင်သည်လေ။ လွန်ခဲ့သောနှစ်ရှိ အချိန်နာရီများကို သူမည်သို့စိစစ်သုံးစွဲခဲ့ရကြောင်း၊ အလုပ်များပြီးရင်း များနေခဲ့ပြီး ခဏတာ အနားယူရန်ပင် အချိန်မရှိခဲ့ကြောင်း ဘုရားသခင်သိပါသည်။
"မဟုတ်ဘူး... ပစ္စည်းတစ်ချို့လာယူတာ"စုကျစ်ယန်ပြုံးကာ ခြောက်လှန့်နေတာရပ်တန့်ပေးရန် လင်ကျန်းရီကို တံတောင်နှင့် ထပ်ပြီးတွက်လိုက်သည်။ လင်ကျန်းရီလည်း အပြုံးလေးဖြည့်စွက်လိုက်သည်။
"ခိုင်ဇီ... ဟုတ်တယ်နော်...။ ငါက ငါ့ရဲ့ကျစ်ယန်လေးနဲ့ လက်ထပ်တော့မှာလေ။ လက်ထပ်ပွဲကိုလာဖို့ မမေ့နဲ့နော်။ နောက်ဆုံးတစ်ခေါက်က ကျစ်ယန်ကူညီပေးခဲ့တာကို ပြန်ဆပ်ချင်တယ်လို့ မပြောခဲ့ဘူးလား။ မင်းရဲ့ပိုက်ဆံအိတ်ထဲ ထူထူလေးသာထည့်ခဲ့လိုက်တော့"
"...."လင်းခိုင်မျက်လုံးများ ပြူးကျယ်သွားရလေပြီ။ သူကြောင်တောင်ဖြင့် ခေါင်းညိတ်လိုက်ပါ၏။
"အိုကေ... ပြဿနာမရှိဘူး"
စုကျစ်ယန်သည် လင်ကျန်းရီကို ဗလာမျက်၀န်းတို့ဖြင့်ကြည့်လိုက်သည်။
သူဒီနေ့ဘာဖြစ်နေတာလဲ။ အခွင့်အရေးရတုန်း အကျိုးအမြတ်တွေယူနေတာလား။
ESTÁS LEYENDO
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...