အခန်း ၁၇၀။ ရှုပ်ထွေးမှုအကြီးစားကိုလုပ်လိုက်သည့် စိတ်မချရသူတစ်ယောက်

340 12 0
                                    

အခန်း ၁၇၀။ ရှုပ်ထွေးမှုအကြီးစားကိုလုပ်လိုက်သည့် စိတ်မချရသူတစ်ယောက်

အဆစ်လွဲတာလား....။

ကုဖုန်း၏လက် အဆစ်လွဲသွားကြောင်း သူကြားလိုက်မိပြီးမကြာမီ လင်းခိုင်သည် အားတောင့်အားနာဖြစ်သွားရပြီး စိတ်မကောင်းခြင်းနှင့် စိုးရိမ်ခြင်းတို့ ရောယှက်စွာ ပြောလိုက်သည်။

"တောင်းပန်ပါတယ် မစ္စတာကု... ငါ... ငါ... အဲဒီ့လိုမရည်ရွယ်ပါဘူး..."

ပြောပြီးနောက် ချက်ချင်းထရပ်လိုက်သော်လည်း သူကိုယ်တိုင်ပါဒဏ်ရာရထားသူမို့ အနည်းငယ်တော့ နှေးကွေးနေသည်။

စုကျစ်ယန် သူ့ကိုပြန်ထိုင်ခိုင်းပြီး တီးတိုးပြောလိုက်သည်။

"လျှောက်မလှုပ်နေနဲ့။ အရင်ဆုံးထိုင်နေဦး။ မင်းခြေထောက်ကလည်း ကျိုးတာလား တခြားတစ်ခုခုလားပဲ"

**********

ကုဖုန်းအနားသို့ ကူညီပေးရန် သွားကြသူများကတော့ လော့ယန်နှင့် ယဲ့ရှော်ဖြစ်သည်။

ယဲ့ရှော်သည် သူ့လက်မောင်းကြားမှ ထျန်းထျန်းကို လော့ယန်ဆီပေးလိုက်ကာ ကုဖုန်းအနားတိုးသွားပြီး ငုတ်တုပ်ထိုင်ရင်း မေးလိုက်သည်။

"အဆစ်လွဲတာက လက်ကောက်ဝတ်လား။ တံတောင်ဆစ်လား"

"တံတောင်ဆစ်..."

ကုဖုန်းသည် အလိုအလျောက်ပြန်ဖြေလိုက်ပြီးမှ သူ့ကိုမေးသူက ယဲ့ရှော်ဆိုတာ သတိထားမိသလို ကိုယ်နေဟန်ထားကြောင့် ကြက်သေသေသွားပြီး ကိုယ်ကိုတွန့်လိုက်မိသည်။

"မင်း... မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

"မင်းရဲ့တံတောင်ဆစ် အရင်လိုဖြစ်အောင် ပြန်‌လုပ်ပေးမလို့လေ"

ယဲ့ရှော်ပြုံးကာ ကုဖုန်း၏လက်မောင်းကိုကိုင်ပြီး ဆွဲတည့်ပစ်လိုက်သည်။ နှစ်ကြိမ်မျှ ပြန်လည်စစ်ဆေးလိုက်သည့်တိုင် ကုဖုန်း၏အော်သံအရ နေရာပြန်တည့်သွားမည့်ပုံရပါသည်။

ယဲ့ရှော် သူ့လက်ကိုလွှတ်ပေးကာ မတ်တပ်ရပ်လိုက်ပြီး  အထက်စီးဆန်ဆန်ပြုံးကာ ပြောလိုက်သည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Where stories live. Discover now