အခန်း ၁၅၄။ ကျေးဇူးပြုပြီး စုမိသားစုကိုမဖိတ်ပါနဲ့။ ပြဿနာတက်မယ်။
တစ်ကယ်တမ်းမှာ ယောက်ျားလေးတစ်ယောက်က ကလေးမွေးတယ်ဆိုတာမျိုးကို လင်ခိုင်မတွေးမိရခြင်းအကြောင်းပြချက်က စုကျစ်ယန်အနေဖြင့် ခေတ်ပေါ်နည်းပညာသုံးကာ ဖန်ပြွန်သန္ဓသေားယူခဲ့တာဖြစ်မည်ဟု အလိုလို ယုံကြည်ထားတာကြောင့်ဖြစ်သည်။
ခွင့်ရက်ရည်ယူတာကတော့ ကျန်းမာရေးမကောင်းတာကို ကုသဖို့လို့ပဲထင်ထားခဲ့သည်။ နောက်ဆုံးတော့ ကလေးကိုယ်ဝန်ဆောင်ကာ မွေးဖွားသည်ကလည်း ကိုယ်ဝန်ဆောင်၏ခန္ဓာကိုယ်ကို များစွာနာကျင်စေသည်ပဲလေ။
"အလုပ်လုပ်ရအောင်"
စုကျစ်ယန်သည် လင်ခိုင့်ပခုံးကို ပုတ်ကာ တစ်ဘက်ပြန်လှည့်ပြီး လေ့လာလက်စ project ဆီ အာရုံနှစ်လိုက်သည်။
စားပွဲပေါ်ကဖုန်း ရုတ်တရက်မြည်လာပြီး စာဝင်လာတာကြောင့် ယူကြည့်လိုက်ရာ လင်ကျန်းရီဆီကစာဖြစ်ကြောင်း သိလိုက်ရသည်။
— ဇနီးလေး... QQ ကိုလာခဲ့ဦး။ ကိုယ်မင်းကို ပြောစရာရှိလို့။
— အင်း... ခဏစောင့်ဦး။
စာပြန်ပြီးနောက် QQ ထဲသို့ အမြန် log inလုပ်လိုက်သည်။ ဒီအကြောင်းပြောကာမှ ဒီနေ့ သူအလုပ်ကို ပြန်ရောက်ပြီးကတည်းက log in လုပ်ဖို့ အချိန်မရှိခဲ့ပေ။
ပင်ဂွင်းလေးသည် computer screen ပေါ်တွင် တစ်ဘက်မှတစ်ဘက်သို့ပြေးလွှားယိမ်းထိုးနေကာ မကြာမီရပ်တန့်သွားသည်။
online ဖြစ်သွားချိန်၌ လင်ကျန်းရီ၏ နောက်ခံဓာတ်ပုံ တဖျတ်ဖျတ်လက်နေတာကို စုကျစ်ယန်တွေ့လိုက်ရသည်။ သူဝင်ကြည့်လိုက်ရာ ဓာတ်ပုံတစ်ချို့ကို တွေ့လိုက်ရသည်။ မျဉ်း၏အောက်မှာတော့ စာတစ်စောင်ပါသည်။"ဇနီးလေး... ဘယ်တစ်ခုကိုကြိုက်လဲ..."
စုကျစ်ယန်သည် chat box မှပုံကို ပုံကြီးချဲ့ကာ အစကနေပြန်ကြည့်လိုက်ပြီးနောက် မဂ်လာပွဲဖိတ်စာဒီဇိုင်းများ ပို့တာဖြစ်ကြောင်း သိလိုက်ရသည်။
mouseမှာ ပါရှိသည့် scroll wheel ကို ဆွဲကာ အောက်ကိုဆင်းလိုက်သည်။ သူ online ဖြစ်နေပြီဆိုတာ လင်ကျန်းရီတွေ့လိုက်ပြီး လှမ်းမေးသည်။
BINABASA MO ANG
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...