အခန်း ၁၇၂။ ရှင်ကသားကို အသိအမှတ်မပြုပေမဲ့ ကျွန်မကတော့ အသိအမှတ်ပြုရမှာပဲ

375 19 0
                                    

အခန်း ၁၇၂။ ရှင်ကသားကို အသိအမှတ်မပြုပေမဲ့ ကျွန်မကတော့ အသိအမှတ်ပြုရမှာပဲ

အများကြီးစဉ်းစားဆင်ခြင်ပြီးနောက် စုယန်သည် ဆက်ပြီးဖုံးကွယ်ထားရန် သတ္တိမရှိတော့ပေ။ ထို့ကြောင့် မျက်လွှာချကာ အံဆွဲထဲမှဖိတ်စာကို တုန်ယင်နေသောလက်အစုံဖြင့် ထုတ်ယူပြီး ဇနီးဖြစ်သူ တုန့်ချန်းဝမ်ဆီ ပေးကာ အားတင်းပြုံးလိုက်သည်။

"မင်းဘာသာကြည့်လိုက်လေ။ ဒါပေမဲ့မိန်းမ... မင်းစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့တော့လိုတယ်။ အဲဒီ့ကောင်လေးရဲ့နာမည်က..."

"ဘာလို့လဲ။ ကျွန်မသိတဲ့တစ်ယောက်ယောက်မို့လို့လား"

တုန့်ချန်းဝမ်သည် ဖိတ်စာကိုယူကာ မသက်သာဟန်ဖြင့်ဖွင့်လိုက်သည်။ 'စုကျစ်ယန်' ဟူသည့် စကားလုံးသုံးလုံးကို မြင်ချိန်မှာတော့ သူမခေါင်းထဲ ယိမ်းထိုးမူးဝေသွားကာ တစ်ခဏမျှ တုံ့ပြန်မှုကင်းမဲ့သွားရသည်။

ထို့နောက် တစ်စုံတစ်ရာကိုမပြောခင် ခင်ပွန်းသည်ကို အံ့အားသင့်နေဟန်ဖြင့်ကြည့်လိုက်မိသည်။

"ဒါ.... ဒါက..."

ဒီနာမည်က တိုက်ဆိုင်တာပဲ‌ နေမှာပါ။

တိုက်ဆိုင်တာသက်သက်ဆိုရင် သူမခင်ပွန်းက သူမမကြည့်နိုင်အောင် ဘာလို့ ခဏခဏ တခြားအကြောင်းတြွေပနေရတာလဲ။

ဒါပေမဲ့တိုက်ဆိုင်တာ မဟုတ်ဘူးဆိုရင်.... အဲဒါဆိုရင်... ဒီပုဂ္ဂိုလ်... ကျန်းရီနဲ့လက်ထပ်မဲ့ ဒီပုဂ္ဂိုလ်.... ဖြစ်နိုင်တာက...

"သူက ကျွန်မတို့သားလေးများလား"

တုန့်ချန်းဝမ်သည် စုယန်မေးနေရင်းမှာပင် မျက်ရည်များစီးကျလာရသည်။ တစ်ကယ်တမ်းသူမသည် သူမချစ်ရသောသားကလေး သေဆုံးသွားခြင်းအပေါ် အမြဲတမ်းစိတ်ညှိုးငယ်နေခဲ့သည်။

ကောင်းမွန်သော ကလေးတစ်ယောက်ဖြစ်သည့်တိုင် သူမတို့သေကွဲကွဲခဲ့ကြသည်။

ကျစ်ယန်... ကျစ်ယန်... ဒီနာမည်က ထိုချစ်စရာကောင်းသော ကလေးငယ် အဖျားကြီးမှုကြောင့် မဆုံးပါးခင်က သူတို့လင်မယားနှစ်ယောက်လုံး အတူပေးခဲ့သောနာမည်ဖြစ်သည်။ ကလေးအတွက်မူ သုမ၏ခင်ပွန်းက ဈာပနပင် မကျင်းပခွင့် မပေးခဲ့ပေ။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Where stories live. Discover now