Extra 3 - ဒယ်ဒီအလုပ်ခရီးသွားပြီးနောက် (၂)

776 97 6
                                    

Extra 3 - ဒယ်ဒီအလုပ်ခရီးသွားပြီးနောက် (၂)

လင်ကျန်းရီအစိုးရိမ်ဆုံးက ဘာတွေဖြစ်သွားတာလဲဆိုတဲ့ အကြောင်းပဲ။

အိုး... နိုး... ရှင်းရှင်းလင်းလင်း တိတိကျကျပြောရရင် လင်ကျန်းရီအစိုးရိမ်ဆုံးက ဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့အကြောင်းလို့ ပြောရမည်။

မူလတန်းကျောင်းသားလေးတွေ ကျောင်းစတက်ချိန်က လင်ကျန်းရီအလုပ်ခရီးသွားပြီး ဆယ်ရက်အကြာမှာဖြစ်သည်။ ဒီတော့ ကလေးတွေ ကို ကျောင်းပို့ဖို့ကိစ္စအားလုံးက စုကျစ်ယန်ရဲ့ ခေါင်းပေါ်ကိုသာ ကျလာခဲ့သည်။

အဲဒီ့နောက် ကျောင်းက ဆရာ၊ ဆရာမများသည် single father တစ်ယောက်က အမြွာလေးတွေကို ကျောင်းလိုက်ပို့သည့်မြင်ကွင်းကို တွေ့လိုက်ကြရသည်။

— အမြွာလေးတွေက အရမ်းချစ်ဖို့ကောင်းပြီး သူတို့ရဲ့ single father ကလည်း တအားခန့်ငြားတာပဲ... အား... အား... အား...

— ထားပါဝောာ့လေ။ သူတို့ထိန်းမနိုင်သိမ်းမရ ငမ်းနေမိတဲ့ ရှောင်ကောကောက လက်ထပ်ပြီးသားဆိုဝောာ့လည်း ထပ်မတွေးတော့ပါဘူး။

စုကျစ်ယန်ကတော့ ဒါကိုမသိပါချေ။ သူက ကလေးနှစ်ယောက်ကို အတန်းထဲကဆရာမဆီ ခေါ်သွားပေးပြီး ကိုယ်ကိုကိုင်းညွှတ်ကာ ပြောလိုက်သည်။

"ရွှမ်ရွှမ်... ဟောင်ဟောင်... သားတို့ကအခု ကျောင်းသားလေးတွေဖြစ်နေပြီမို့ အတန်းထဲမှာလိမ်လိမ်မာမာနေရမယ်နော်။ ပါ့ပါပြောတာကြားလား။ ဘယ်လိုပြဿနာရှာတာမျိုးမှ ခွင့်မပြုဘူးနော်။ မင်းတို့ကညီအစ်ကိုတွေမို့လို့ အချင်းချင်းဂရုစိုက်ရမယ်။ နားလည်လား"

"နားလည်ပါတယ်"

ကလေးနှစ်ယောက်ဟာ အခုဆိုလျှင် အလွန်စူးစမ်းချင်စိတ်ပြင်းပြနေတာမို့ ခေါင်းလေးတွေမတ်လျက် စာသင်ခန်းရှိရာဆီ လှည့်ကြည့်နေကြသည်။

အတန်းထဲမှာ ကလေး‌တွေအများကြီးရှိနေကြပြီး KG တုန်းကထက် ပိုပြီးပျော်ဖို့ကောင်းမည့်ပုံပေါ်သည်။

စုကျစ်ယန်လည်း ကောင်ငယ်လေးနှစ်ယောက် ဘာ‌တွေတွေးနေသည်ဆိုတာ သတိပြုမိသည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Donde viven las historias. Descúbrelo ahora