အခန်း ၁၆၂။ ကလေးကိုမူကြိုပို့ဖို့က ပြဿနာကြီးပဲ။

1K 156 2
                                    

အခန်း ၁၆၂။ ကလေးကိုမူကြိုပို့ဖို့က ပြဿနာကြီးပဲ။

ရက်အနည်းငယ်ကြာပြီးနောက်...

နောက်တစ်နေ့တွင်....

ယဲ့ရှော်ဦးစွာနိုးလာပြီး ဘေးသို့လှည့်ကာ ထျန်းထျန်းကို လက်မောင်းထဲ ပွေ့ထားရင်း ငြိမ်းချမ်းစွာအိပ်စက်‌နေသော လော့ယန်ကိုကြည့်လိုက်သည်။

ထို့နောက် ရေဘဝဲလေးတစ်ကောင်လို လော့ယန်၏လက်မောင်းကိုတွယ်ဖက်ထားပြီး မျက်ခုံးများကြုံ့ထားသော ထျန်းထျန်းကို ကြည့်သည်။

အခုတော့ ဒီကောင်လေးကိုမွေးစားတာက ကောင်းတာလား၊ ဆိုးတာလားဆိုတာ သူမသိတော့ပါ။

အချိန်ကြာကြာအတူရှိလေလေ သူနှင့်လော့ယန်၏ ဦးစားပေးခံရသူလေး ဖြစ်လာလေလေ.... ဆိုတာမျိုး ဖြစ်လာနိုင်သည်။

လောလောဆယ်မှာတော့ လော့ယန်ကို တရင်းတနှီးဖြင့် သူအကြာကြီးဖက်ထားရမည့်အခွင့်အရေးကို ထိုကောင်လေးက မောင်ပိုင်စီးသွားခဲ့လေသည်။

ကောင်းပြီ။ ဒါပေမဲ့ ထားပါတော့လေ။ မိသားစု၀င်တစ်ယောက်တိုးတာလည်း ကောင်းတဲ့အရာတစ်ခုပါပဲ။

မနေ့ကတစ်နေ့လုံး အတူတူအချိန်ဖြုန်းခဲ့တာမို့ ကလေးကလုံး၀ချစ်ဖို့ကောင်းပြီး နာခံမှုရှိတယ်ဆိုတာ သူလက်ခံပါသည်။

လော့ယန်နိုးလာပြီးနောက် ထျန်းထျန်းလည်း နိုးနေပြီဆိုတာ တွေ့လိုက်သည်။ သို့တိုင် ထိုကလေးက အိပ်ယာမှထမလာပါ။ လော့ယန် အနည်းငယ် မျက်ခုံးကြုံ့သွားမိသည်။

"ထျန်းထျန်း... သား ဘာလို့မထသေးတာလဲ။ အိပ်ချင်သေးလို့လား ဟင်..."

မနေ့က အစောကြီးအိပ်ယာ၀င်ခဲ့ကြတာလေ။ ဘာလို့အိပ်ချင်နေသေးတာတုန်းကွ။

ထျန်းထျန်းသည် စောင်ကိုပွေ့ဖက်ထားရင်း မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့်ကြည့်နေကာ ဘာမျှပြန်မပြောပေ။

ယဲ့ရှော် မျက်နှာသစ်၊ သွားတိုကိကာ ပြန်လာပြီးနောက် အချင်းချင်းကြည့်နေကြသော ကလေးနှင့်လူကြီးကို တွေ့လိုက်ရသည်။ သူပြုံးကာပြောလိုက်သည်။

"ဘာဖြစ်လို့လဲ။ ကောင်ငယ်လေး ကောင်းကောင်းမနိုးသေးဘူးလား"

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Donde viven las historias. Descúbrelo ahora