အခန်း ၁၅၉။ ဘယ်သူကမှ ဘယ်သူ့ကိုဆွဲဆောင်လိုက်တာလဲ။
"မင်းဘယ်ကို မောင်းနေတာလဲ"
လော့ယန်သည် လင်ကျန်းရီ၏ကားနောက်ခန်းတွင်ထိုင်လျက်၊ ယဲ့ရှော်သည် သူ့ခေါင်းကိုအုံးလျက် ကြုံ့ကြုံ့လေး လဲလျောင်းကာဖြင့် အိပ်ပျော်ရန် ကြိုးစားနေသည်။
ရထားပေါ်မှာတုန်းက ယဲ့ရှော်တစ်ချိန်လုံးနိုးနေခဲ့ပြီး လော့ယန်ကိုပွေ့ဖက်ပေးထားကာ အိပ်ခိုင်းခဲ့သည်။ ယခု ရထားပေါ်က ဆင်းခဲ့ပြီမို့ နှစ်ယောက်သား နေရာပြောင်းလိုက်ကြလေပြီ။
စောနက အမေးစကားကတော့ ကားအပြင်ဘက် ရှုခင်းကိုကြည့်လိုက်ပြီး စုကျစ်ယန်၏ အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတွဲဆီ သွားသည့်လမ်း မဟုတ်ကြောင်း သတိထားမိပြီးနောက်မှာ လော့ယန်မေးလိုက်တာဖြစ်သည်။
"မင်းတို့ကို တစ်ယောက်ယောက်နဲ့ တွေ့ပေးမလို့"
လင်ကျန်းရီ ပဟေဠိဆန်စွာပြောသည်။ လော့ယန်လည်း သိချင်စိတ်ဖြစ်လာသည်။
"ဘယ်သူနဲ့လဲ"
"ရောက်ရင်သိမှာပေါ့"
လင်ကျန်းရီ ပဟေဠိဆန်စွာ ပြုံးနေသည်။ လော့ယန်၏စိတ်ထဲ ဒရမ်တီးနေသလိုခံစားမိတာကြောင့် စုကျစ်ယန်ကို ထပ်မေးလိုက်သည်။
"ကျစ်ယန်... ငါဘယ်သူနဲ့သွားတွေ့ရမှာလဲ။ မင်းတို့ဘာလို့ ဒီလောက် လျှို့ဝှက်နေကြတာလဲ"
"အင်း... အဲဒါက..."
စုကျစ်ယန်ပြောခါနီးမှာ လင်ကျန်းရီက နောက်ကြည့်မှန်မှ လော့ယန်ကိုကြည့်ရင်း စုကျစ်ယန်ကိုတားသည်။
"ပြောလိုက်ရင် ပဟေဠိဆန်မှာ မဟုတ်တော့ဘူးလေ"
အဲဒီ့နောက် စုကျစ်ယန်ကို သူမေးသည်။
"ဟန်နီ... ကိုယ်ကြိုမပြောခဲ့ဘူးလား"
"...."
စုကျစ်ယန် ဒေါသတကြီး အော်ဟစ်ပစ်ချင်မိသည်။ ဒါက သားတစ်ယောက် မွေးစားရုံ
လေးပဲမလား။ ဟင်းသီးဟင်းရွက် သွား၀ယ်တာမှမဟုတ်တာကို။ ပြောပြလိုက်လို့ ဘာဖြစ်သွားမှာမို့လို့လဲ။
YOU ARE READING
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...