အခန်း ၁၇၅။ သတိဝီရိယရှိပါစေ

919 130 2
                                    

အခန်း ၁၇၅။ သတိဝီရိယရှိပါစေ

လင်ကျန်းရီသည် ထောင့်စွန်းတစ်နေရာဆီသို့ ယဲ့ရှော်ထံမှ ဆွဲခေါ်လာခံရချိန်၌ စိတ်ထဲမကြည်လင်ပါချေ။

— ဒီကောင်စုတ်လေး ဘာလုပ်နေတာလဲ။ သူ့ကိုဒီနေရာဆီ တစ်ယောက်တည်း ဆွဲခေါ်လာတာ ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ကျစ်ယန်ရှေ့မှာ ပြောလို့မဖြစ်တာမျိုးမို့လို့လား။ တစ်စက္ကန့်လေးပဲဆိုရင်တောင်မှ သူ့အတွက် တန်ဖိုးရှိနေတဲ့အချိန်အခါလေးကို...

"ဘာကိစ္စလဲဟ။ wedding candy တွေဝေပေးဖို့ မင်းကိုငါမခိုင်းထားဘူးလား။ ထူးထူးဆန်းဆန်းနဲ့ ဘာတွေလုပ်နေတာတုန်း"

လင်ကျန်းရီ မျက်ခုံးပင့်ကာပြောလိုက်သည်။ ယဲ့ရှော်ကမူ သူ့ကို လေးနက်စွာပြန်ကြည့်လိုက်ပါသည်။

"အလေးအနက်ကိစ္စမရှိရင် ဆွဲခေါ်လာလို့မရဘူးလား"

မင်းကမယားကြောက်ဆိုတာ ဘယ်သူကသိမှာလဲ။

"ဘာကိစ္စတုန်း..."

ယဲ့ရှော်သူ့ကို ဘယ်လိုထူးဆန်းသည့်ကိစ္စပြောမလဲဆိုတာ လင်ကျန်းရီမတွေးတတ်သေးပါ။

"စုကျစ်ချီပြန်လာပြီ"

ယဲ့ရှော်ပြန်ဖြေသည်။

"စောစောကကားထဲက အန်ကယ်လ်စုနဲ့ အန်တီစုပဲ။ လူကြီးနှစ်ယောက်က ကျစ်ယန်ကို ထိခိုက်အောင်လုပ်မှာမဟုတ်ဘူးလို့ ကျွန်တော်တွေးခဲ့ပေမဲ့လည်း စုကျစ်ချီက သူ့အပေါ်ရန်လိုစိတ် ပြင်းထန်နေပုံရတယ်လို့ အစ်ကိုကျစ်ယန်က ပြောပြဖူးတဲ့အ‌ကြောင်း လော့လော့က ကျွန်တော့်ကိုပြောပြတယ်။ မင်းရဲ့လက်ထပ်ပွဲကကပ်နေပြီ။ မင်းပိုပြီးဂရုစိုက်သင့်တယ်"

"မင်းဘယ်လိုသိတာလဲ။ သူမက အခုကားထဲမှာလား"

လင်ကျန်းရီ၏မျက်လုံးများ အေးစက်သွားကာ နှလုံးသားတစ်ခုလုံး  အချက်ပေးသံများ မြည်ဟီးလာသည်။ ယဲ့ရှော် ခေါင်းခါပြသည်။

"သူနဲ့အန်တီစု ဖုန်းပြောနေတာကို မရေမရာကြားမိတာ။ သော့မရှိလို့ အပြင်မှာရပ်နေရတယ်။ အဲဒါကြောင့် အန်ကယ်နဲ့အန်တီ့ကို အမုန်လာခိုင်းတာတဲ့"

"....."

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Où les histoires vivent. Découvrez maintenant