အခန်း ၁၄၅ - သုံးနှစ်တာ တွဲလက်တွေခိုင်မြဲနိုင်ပါမူ....

1.3K 179 8
                                    

အခန်း ၁၄၅ - သုံးနှစ်တာ တွဲလက်တွေခိုင်မြဲနိုင်ပါမူ....

"ဘာပဲဖြစ်ဖြစ် ခွင့်မပြုဘူး။ ရှောင်ရှော်... ကောင်းကောင်းနေ။ ပြဿနာမရှာနဲ့"

ယဲ့မာမားသည် စိတ်သောကရောက်နေသော်လည်း ညှိနှိုင်းရန် ငြင်းဆိုနေဆဲပင်။
  
ယဲ့ရှော်သည် တောင်းပန်ခြင်းဟာ အသုံးမ၀င်မှန်းသိတာကြောင့် တောင်းပန်တာကို ရပ်တန့်လိုက်ပြီး အိပ်ယာပေါ်တွင် ဒူးဆစ်များကိုကွေးကာ လဲလျောင်းနေပြီး ပြတင်းပေါက်ကို လှမ်းကြည့်နေသည်။

နှင်းများသည် ပိုပိုကျဆင်းလာပြီး အခုနေလောက်ဆို လော့ယန်ဘာလုပ်နေမလဲ သူမသိပေ။

*********

ညစာစားချိန်ရောက်သည့်တိုင် သူ့မှာစားချင်စိတ်မရှိပါ။ မာမားယဲ့သည် ဒေါသများထွက်လာပြီး ဘာလုပ်ရတော့မည်တော့ပေ။ ပါပါးယဲ့ကတော့ သက်ပြင်းချကာ သူနှင့်စကားကောင်း ပြောနထုင်စေရန်အလို့ငှာ အပူပြန်ပေးထားသော ပေါက်စီတစ်လုံးကို ယဲ့ရှော်အတွက် ထည့်ပေးသည်။
   
ယဲ့‌ရှော်က စကားတစ်ခွန်းတည်းနှင့် သူ့ကို တိုက်ရိုက်ပင်တားဆီးလာသည်။

"ပါး... မားလိုစကားမျိုးပြောမှာဆိုရင်တော့ မပြောပါနဲ့"
 
ပါပါးယဲ့သည် ပေါက်စီပန်းကန်ကို အိပ်ယာဘေးမှစား‌ပွဲပေါ် ပြန်တင်ကာ ဘေးတိုက်၀င်ထိုင်လိုက်ပြီး ဒီပြောမနိုင်ဆိုမနိုင်သားငယ်လေးကို အတတ်နိုင်ဆုံးချိုသာစွာ ပြောရန်ကြိုးစားသည်။
  
—ငါ့သားငယ်နဲ့ငါ စကားအေးအေးဆေးဆေးမပြောဖြစ်ခဲ့တာ ဘယ်လောက်ကြာပြီဆိုတာ မမှတ်မိတော့ဘူး။ ဂျူနီယာအထက်တန်းတုန်းကများလားပဲ။
  
— ဂျူနီယာအထက်တန်းရဲ့ ဒုတိယနှစ်လား၊ တတိယနှစ်မှာလား။ ဖြစ်နိုင်တာက... အာ... ဟုတ်တယ်။ ယဲ့လန်နဲ့လော့ယန်တို့ကိစ္စဖြစ်တုန်းကပဲ။ သူတို့လင်မယားနှစ်ယောက်လုံး ယဲ့လန်အပေါ်စိတ်နှစ်ကိုယ်နှစ် စောင့်ကြည့်နေခဲ့ရတာ။ ဒီတော့ စဉ်းစားဉာဏ်ရှိတဲ့အငယ်ဆုံးသားကို လျစ်လျူရှုခဲ့မိတာပဲ။
  
သူနှင့် အငယ်ဆုံးသားလေးကြား ကင်းကွာမှုအကြောင်း နားလည်လိုက်ချိန်မှာ ယဲ့ရှော်ဟာ အထက်တန်းတက်ရန်သွားခဲ့ပြီ။ ကျောင်းစာတွေကလည်း ပိုပြီးဖိအားပေးလာသည်။
  
သူအိမ်ပြန်လာချိန်တိုင်း အိမ်စာလုပ်ရန် သူ့အခန်းထဲမှာ လော့ခ်ချနေတတ်ပြီး အစားအသောက်စားနေချိန်မှာလည်း စကားမပြောပေ။ ပါပါးယဲ့နှင့် မာမားယဲ့တို့ ဆွံ့အသွားလောက်အောင် အ‌ဆင့်တွေကောင်းနေသည့် ရီပို့ကတ်ကိုပြချိန် မှတစ်ပါး ထိုအတိုင်းသာနေသည်။ 

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Donde viven las historias. Descúbrelo ahora