အခန်း ၁၉၂- သက်ရှိရတနာလေးနှစ်ဦး (အပိုင်းခွဲ-၁)

279 13 1
                                    

အခန်း ၁၉၂- သက်ရှိရတနာလေးနှစ်ဦး (အပိုင်းခွဲ-၁)

တစ်နေ့လုံး ပျော်ပျော်ပါးပါး ကစားကြပြီးနောက် အင်အားတွေကုန်သွားကြလေပြီ။ ကလေးနှစ်ယောက်ဟာ ညစာစားချိန်မှာ ဗိုက်တွေဆာနေကြပြီဖြစ်သည်။ ဒီတော့ ဘာဟင်းပဲချက်ပါစေ ကြေးမများတော့ပေ။

ကလေးနှစ်ယောက်ဟာ အဖေတစ်ယောက်ဆီ၏ရင်ခွင်ထဲ ခိုနားအသိုက်ဖွဲ့ရင်း ဘာကျွေးကျွေးအကုန်စားကြသည်။

တစ်ယောက်ကိုတစ်ယောက် role model တွေအဖြစ် စ
သတ်မှတ်ကြပြီး အဲဒါကြောင့်ပဲ ကလေးတွေ အစားရွေးမှာစိုးသည့်အပေါ် ဖြေရှင်းနိုင်သွားသည်။

ဒီလိုမျိုးပေါ့...။ တစ်ခါတစ်ရံ အဘိုး၊ အဘွားနှစ်ဦးက ချီးမွမ်းကြသည်။

"ဒီနေ့ရွှမ်ရွှမ်က နို့တစ်ခွက်လုံးကုန်အောင် သောက်ခဲ့တယ်။ ဟောင်ဟောင်... ကောကောကို မရှုံးစေနဲ့နော်"

ဒီတော့ကာ လင်ကျစ်ဟောင်လည်း နွေးနေသေးသော နို့တစ်ခွက်ကိုကိုင်လျက် မော့သောက်လိုက်ရာ ပန်းရောင်နှုတ်ခမ်းလွှာလေးများ၌ အဖြူရောင်နို့နှစ်များ ပေကျံကုန်လေသည်။ ကြည့်ရသည်မှာ စိတ်ရွှင်လန်းပြီး ချစ်စဖွယ်ကောင်းစေလေသည်။
 
အဲဒီ့နောက် သူ့လက်ကလေးများကိုမြှောက်လျက် သူ့ကိုယ်သူချီးမွမ်းလေတော့သည်။

"ဘွားဘွား... ဘွားဘွား... သားလည်းအကုန်သောက်နိုင်တယ်"

"ဟမ်... ဘွားဘွားတို့ရဲ့ ဟောင်ဟောင်လေးကလည်း လိမ္မာတာပဲ။ ဒီအသားတုံးလေးဆုချမယ်"

"အာ..."

လင်ကျစ်ဟောင်သည် ပါးစပ်ဟလျက် ဆုအဖြစ်ရရှိသော အသားတုံးကို စောင့်ဆိုင်းလေသည်။

လင်ကျစ်ရွှမ်ကလည်း လင်ကျန်းရီ၏လက်ကို ကိုင်လှုပ်ကာ ပူဆာသည်။

"ဒယ်ဒီ... သားလည်းစားချင်တယ်"

"အိုကေ အိုကေ... သားအတွက်လည်း ဒယ်ဒီက အကြီးကြီးတစ်တုံးကျွေးမယ် ဟုတ်ပြီလား"

"ရေး..."

အကောင်ပေါက်လေးနှစ်ယောက် အစားစားပြီးချိန်ကျမှ လူကြီးတွေလည်း စိုးရိမ်ပူပန်မှုတွေ လျော့ကျသွားနိုင်သည်။

စားသောက်ပြီးချိန်မှာတော့ TV ကြည့်ချိန်ရောက်လေပြီ။ ဒီအချိန်မှာဆိုရင်တော့ ကလေးနှစ်ယောက်ကို ထိန်းချုပ်လို့မရတော့ပေ။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Tahanan ng mga kuwento. Tumuklas ngayon