အခန်း ၁၈၀။ အဖွဲ့တိုင်းမှ နိုးကြားတက်ကြွစွာ ရှာဖွေကယ်တင်ခြင်း

1K 164 20
                                    

အခန်း ၁၈၀။ အဖွဲ့တိုင်းမှ နိုးကြားတက်ကြွစွာ ရှာဖွေကယ်တင်ခြင်း

ယဲ့ရှော်သည် လော့ယန်နောက်မှ ကမန်းကတမ်းပြေးလိုက်သော်လည်း လော့ယန်၏အရိပ်ကိုပင် မတွေ့ရတော့ပေ။ ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း မျက်၀န်းများက စိုးရိမ်သောကတို့ ကိန်းအောင်းနေသည်။

လော့လော့က ဆရာတစ်ယောက်... သင်ခန်းစာတွေကလွဲလို့ ဘာမှသိပ်ပြီး သိမှာမဟုတ်ဘူး။ သူဒီလိုအပြင်းအထန်ပြေးလိုက်နေတုန်း ကလေးကိုပြန်လုလာနိုင်ဖို့က ဖြစ်နိုင်ပါ့မလား။ သူ့ကိုယ်ပိုင်လုံခြုံရေးကိုရော ဂရုစိုက်ပါ့မလား။

ဒီနေရာက ဗီလာဧရိယာဖြစ်ရာ ၀င်ထွက်သွားလာနေသူတွေရှိသည်။ ယဲ့ရှော်သည် ဗီလာမှထွက်ပြီး လမ်းမဘေးကိုပြေးသွားရာ ဖြတ်သွားနေသော ကားတစ်ချို့ကိုတွေ့သည်။

သူနှင့်ခပ်လှမ်းလှမ်း၌ ပြေးလွှားနေသော လူတစ်ယောက်ကိုတွေ့သော်လည်း လော့ယန်မဟုတ်ပေ။ လော့ယန် ဘာကိုမျှ ထပ်မစဉ်းစားနိုင်ဝောာ့ဘဲ ခြေတံရှည်များဖြင့်ပြေးလိုက်ဝောာ့သည်။

ဒီလူက ကလေးသူခိုးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်ပြီး အပြေးနှေးတာကြောင့် သူ့အဖော်ရဲ့ထားရစ်ခဲ့ခြင်းခံရသောသူဖြစ်သည်။

သူပြေးလွှားရင်း အလွန်မောပမ်းလာရာ အရှိန်နှေးလာပြီး ယဲ့ရှော်ကမူ လော့ယန်ကို နှလုံးသည်းအူအတွင်းမှ စိုးရိမ်သည့်စိတ်ကြောင့် ဒီ့ထက်ပိုပြင်းထန်သည့် လေ့ကျင့်ခန်းများကိုလုပ်ရလျှင်ပင် မောပမ်းသည်ဟု ခံစားရမည်မဟုတ်ပေ။

ဒီတော့ အချိန်တိုလေးအတွင်း ထိုလူ့ကို ဆယ်မီတာလောက်အကွာမှာ မှီလာလေတော့သည်။ သူသည် အနောက်ဘက်မှနေ၍ သူ့ဆီပြေးလာသံကိုကြားရာ လှည့်ကြည့်လိုက်ပြီး ယဲ့ရှော်ကိုတွေ့သည်။
 
အပ့စ်ရှိစိတ်ကြောင့် ရှေ့ကိုပြန်လှည့်ကာ ပြေးလေတော့သည်။ ယဲ့ရှော်သည် အစတုန်းက စမ်းသပ်ရုံသာဖြစ်သော်လည်း ထိုလူထွက်ပြေးတာကိုကြည့်ပြီး စိတ်တင်းကျပ်သွားကာ အော်ဟစ်ရင်း လိုက်ဖမ်းတော့သည်။

"ရပ်စမ်း"

ဒီလူကို သူအလွတ်ပေးနိုင်မှာလား။ သေချာပေါက် 'နိုး' ပေါ့။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Where stories live. Discover now