အခန်း ၁၇၉။ ကလေးအဖေအဖြစ် ဟန်ဆောင်ခြင်း

1.1K 157 10
                                    

အခန်း ၁၇၉။ ကလေးအဖေအဖြစ် ဟန်ဆောင်ခြင်း

လင်းခိုင်သည် တံခါး၀မှနေ၍ ဧည့်ခန်းဆီပြေးလွှားသွားပြီး ကျစ်ယန်ကို အမောတကော ပြောလိုက်သည်။

"ကျစ်ယန်... ငါ့လည်ပင်းမှာဆွဲထားတဲ့ အပိုကင်မရာက အစကတည်းက ပွင့်နေခဲ့တာ။ တစ်ခုခုကို ရိုက်ကူးထားမိလောက်တယ်"

စုကျစ်ယန် ချက်ချင်းပင် ဆိုဖာမှထလာကာ ရိုကိကူးထားသမျှ ပြန်ကြည့်ရန်အတွက် လင်းခိုင်ဆီမှကင်မရာကို လက်လွှဲယူလိုက်ပြီး တစ်ချိန်တည်းမှာပင် လင်းခိုင်ကို ပြောလိုက်သည်။

"ခိုင်ဇီ... ငါ့ကိုကူညီပါဦး။ ငါ့အခန်းထဲက laptop ယူခဲ့ပေးပါလား။ computer နဲ့ဆိုရင် လူတိုင်းကို မြင်ရနိုင်တယ်။ လူတွေများနေလို့ ရှာရခက်ရင်ဝောာင် သေချာပေါက် တစ်ခုခုကို ရှာတွေ့မှာပါ"

"အိုကေ... သူများအိပ်ခန်းထဲ ကျူးကျော်မိတယ်လို့ မတွေးနေတော့ပါဘူး"

အဲဒီ့နောက် စုကျစ်ယန်တို့အိပ်ခန်းထဲ ၀င်ကာ ဟိုဟိုသည်သည် လျှောက်မကြည့်ဘဲ laptop ကိုသာယူပြီး အဖုံးကိုလှန်၊ power ဖွင့်ကာ ဧည့်ခန်းဆီ ယူလာခဲ့သည်။

ဧည့်ခန်းထဲ၌ ကလေးလေးလင်ကျစ်ရွှမ်တစ်ယောက် ငိုကြွေးနေတုန်းပင်။ သူ့ခေါင်းထဲတွင် သူ့ညီငယ်လေးကို မတွေ့ဘူးဟူသောအသိကြောင့် ပို၍ပို၍ပင် သည်းနင့်အောင် ငိုကြွေးလေသည်။

လင်ရှောင်ထျန်းနှင့် ကျန်းဟွားရှန်တို့လည်း ပူပင်သောကတို့ ဝေနေကြပြီး မြေးကြီး၏ အသည်းအူပြတ်မတတ် ငိုကြွေးသံကြောင့် သူတို့နှလုံးသားတွေလည်း ဓားဖြင့်ထိုးသလို နာကျင်မိသည်။ သို့သော် ဘယ်လိုချော့မြှူရမည်ဆိုတာပင် မသိတော့ပါ။

"ယောက်ျား.... ဟောင်ဟောင် အဆင်ပြေမှာပါနော်..."

ကျန်းဟွားရှန်လည်း မြေးကြီးနှင့်အတူ တစ်လျှောက်လုံး ငိုကြွေးနေပြီး စိုးရိမ်ကြောင့်ကြနေရှာသည်။

မည်သို့ဆိုစေ လင်ရှောင်ထျန်းသည် ကြီးမားသော လုပ်ငန်းစုကြီးတစ်ခု၏ ခေါင်းဆောင်ဖြစ်ခဲ့သူမို့ မမျှော်လင့်ထားသည့်ကိစ္စများစွာကို ကြုံတွေ့ဖူးသည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Where stories live. Discover now