အခန်း ၁၉၁။ အိမ်ကချစ်စဖွယ် ကလေးလေးများ အပိုင်းခွဲ (၂)

867 135 0
                                    

အခန်း ၁၉၁။ အိမ်ကချစ်စဖွယ် ကလေးလေးများ အပိုင်းခွဲ (၂)

သူတို့၏အခန်းထဲတွင် ကလေးနှစ်ယောက်၏ ဓာတ်ပုံများကိုချိတ်ဆွဲထားပြီး နို့စို့အရွယ်မှ ကောင်းကောင်းကြီး လမ်းလျှောက်တတ်ပြီဖြစ်သော အခုလို သုံးနှစ်သားအရွယ်အထိ ပုံစံအမျိုးမျိုးဖြစ်သည်။

တစ်ပုံစီတိုင်းက အလွန်လှပ၍ကြည့်ကောင်းပြီး တစ်ချိန်တည်းမှာပင် ကြည့်လေလေ မျက်လုံးမှမခွာချင်လေလေဖြစ်အောင် ဆွဲဆောင်နိုင်လေသည်။

ဒီအကြောင်းပြောရင်းမှ... လင်ရှောင်ထျန်းနှင့် ကျန်းဟွားရှန်တို့သည် သူတို့၏ကလေးများကို စောင့်ရှောက်ပေးခဲ့ကြပြီး ကလေးတွေသုံးနှစ်သားအရွယ်မှာတော့ မြို့ဆင်ခြေဖုံးမှာပြန်နေခိုင်းရန် တွန့်ဆုတ်နေကြပြီဖြစ်ကြောင်း မြင်ကြရသည်။

အကယ်၍ သူတို့နှစ်ဦး ထိုနေရာမှာ ပြန်နေမည်ဆိုလျှင်တောင် သားလေးနှစ်ယောက်ကိုတော့ သူတို့အဘိုး၊ အဘွားများနှင့် ထားခဲ့ရမည်ဖြစ်သည်။

လင်ကျန်းရီရော စုကျစ်ယန်ပါ အလုပ်ကိုယ်စီသွားနေရတာမို့ ကလေးတွေသာ အဲဒီ့ကိုခေါ်သွားရင် အိမ်မှာဘယ်သူကစောင့်ရှောက်ပြီး ကျန်နေရစ်မှာလဲ။ ဟုတ်တယ်မလား။

ဒါပေမဲ့အခုတော့ ပိစိလေးနှစ်ယောက်က KGတက်ရမဲ့အရွယ်ရောက်နေကြလေပြီ။ ဒီတော့ လင်ရှောင်ထျန်းနှင့် ကျန်းဟွားရှန်တို့လည်း နည်းနည်းတော့ အနားရသွားကြသည်။

ကလေးတွေကို ဂရုစိုက်ရတာက လွယ်ကူတဲ့တာ၀န်တစ်ခုမဟုတ်ဘူးဆိုတာ မင်းတို့သိကြရဲ့လား။ အကြာကြီးဂရုစိုက်ခဲ့ရတာမို့ အခုအရွယ်မှာ အနည်းငယ်အနားရတုန်း နားရပေမည်။

ဒါ့အပြင် စြကျစ်ယန်၏လက်ရှိအလုပ်က ညှိနှိုင်းရအဆင်ပြေသည်။ ဘာပဲဖြစ်ဖြစ် သူ့ကိုယ်ပိုင်ကုမ္ပဏီပဲမဟုတ်လား။

ဒီတော့ သူဘယ်ကိုပဲ သွားချင်သွားချင် ကိစ္စမရှိ။ ဘာကိုပဲမလုပ်ချင်ပါစေ ပြဿနာမရှိ။ လင်းခိုင်ကလည်း သူ့၀န်ထမ်းဖြစ်နေပြီမို့ ဓာတ်ပုံ၊ ဗွီဒီယိုတိုါနှင့် ဆက်စပ်နေသည့် အဓိကကိစ္စရပ်အားလုံးကို လင်းခိုငိလက်ထဲ လွှဲထားလို့ရသည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Where stories live. Discover now