အခန်း ၂၀၄။ ချိုမြိန်သော အဆုံးသတ် (ဇာတ်သိမ်း အပိုင်းခွဲ -၁)
"တစ်ကယ်တော့... သမီးမှာ အစ်ကိုတစ်ယောက်ရှိတယ်။ သမီးထက်တစ်နှစ်ကြီးတယ်။ သူက... စုကျစ်ယန်ပဲ..."
---------
စုကျစ်ချီသည် သူမ၏မိခင် ယူလာသောအစားအသောက်ဘူးကို ဖွင့်နေစဉ် ဒီစကားကိုကြားလိုက်ရတော့ ဘူးအဖုံးပင် လွတ်ကျသွားသည်။
သူမ တုန့်ချန်း၀မ်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။
"မား... မား ဘာပြောလိုက်တာလဲ"
"ချီချီ... မင်းရဲ့ပါးနဲ့မားက သူ့ကို ပြန်ရှာတွေ့ခဲ့နေတာ နှစ်တွေကြာခဲ့ပြီ"
တုန့်ချန်း၀မ်သည် လွန်ခဲ့သော နှစ် ၂၀ ကျော်က အကြောင်းတွေ ပြန်တွေးမိပြန်သည်။
အဲဒီ့နောက် အတော်ကြာအောင် ဘာမှမတုံ့ပြန်သော သမီးဖြစ်သူကြောင့် မသေချာမှုကို ခံစားလိုက်ရပြီး သူမ ထပ်ပြောလိုက်သည်။
"သမီးပါးက စိတ်အထုံးဖြစ်နေခဲ့ပြီး မားလည်း အစတုန်းက ခွင့်မလွှတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီ့တုန်းက သမီးကို ကိုယ်၀န်ဆောင်ထားရပြီမို့လို့ နောက်ပိုင်းမှာ သူ့အချစ်တွေအကုန် သမီးဆီပေးခဲ့တယ်။ အခုတော့ အတိတ်ကကိစ္စတွေက ပြီးသွားပါပြီ။ ချီချီ... မားသူ့ကို အသိအမှတ်ပြုချင်တယ်ဆိုရင် သမီး မပျော်မရွှင်ဖြစ်မှာလား"
စုကျစ်ချီ ဘာမှမပြောပေ။ သူမရဲ့ခေါင်းကိုငုံ့ကာ ဘူးအဖုံးကိုပြန်ကောက်ပြီးတင်ကာ သူမရှေ့က အရသာရှိသော အစားအသောက်များကို တူဖြင့်သုံးပြီး ညှပ်ယူလိုက်သည်။
တူတစ်စုံက အစားအသောက်များအပေါ် ထိခတ်နေသော်လည်း သူမ၌ စားချင်စိတ်မရှိပေ။
"သမီးမပျော်ဘူးဆိုရင်... မားမပြောခဲ့သလိုပဲ ဟန်ဆောင်နေလိုက်ပါ့မယ်"
အရင်က အလွန်ရူးမိုက်လွန်းသော ကိစ္စရပ်များကိုပင် လုပ်ခဲ့တာကြောင့် သမီးဖြစ်သူ၏ အတွေးများကို သူမ လိုက်မမီပါချေ။ သူမ၏သမီးက သူတို့လင်မယား၏ အလိုလိုက်မှုကြောင့် ပျက်စီးခဲ့သည်။
ESTÁS LEYENDO
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...