အခန်း ၁၈၈။ ပျော်စရာများ ဖန်တီးခြင်း။
ကုဖုန်းထံမှ သူကလူဆိုးတစ်ယောက်ဖြစ်ကြောင်း ကြားပြီးနောက် လင်းခိုင်သည် ငြင်းဆိုလိုဟန်ဖြင့် ခေါင်းခါလိုက်သည်။
"မဖြစ်နိုင်တာကြီး။ လိမ်ပြောနေတာ ဝောာ်စမ်းပါ"
"မင်းမယုံဘူးလား"
သူ့စကားက ဒီကောင်လေးကို ခြောက်လှန့်မိလိမ့်မည်ဟု ကုဖုန်းထင်ထားခဲ့သော်လည်း ကောင်လေးကမယုံကြည်ခဲ့ပေ။
"ဒါပေါ့။ မယုံပါဘူး"
လင်းခိုင် အခိုင်အမာပြောသည်။
"ကျွန်တော့်ကို fitness card ပေးခဲ့တဲ့လူတစ်ယောက်က ဘယ်လိုလုပ်ပြီး လူသတ်သမားဗီလိန်တစ်ယောက် ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး။ သေချာပေါက်ကို မဖြစ်နိုင်ဘူး"
တစ်ကယ်တမ်းမှာ လင်းခိုင်ပြောသည့် စကားလုံးများ၏ သွယ်ဝိုက်သောအဓိပ္ပာယ်က 'မင်းကလူကောင်းတစ်ယောက်ပဲ'ဟုဖြစ်နေသည်။
"ငါမင်းကို လက်ဆောင်ပေးလိုက်တာက နှစ်ကတ်ပဲ။ ဒါပေမဲ့ ငါ့အတွက်တော့ အဲဒါက အမှိုက်ပုံးထဲ ပစ်လိုက်သလိုပဲလေ"
ကုဖုန်းသည် 'ငါကလူကောင်းတစ်ယောက်' ဟူသောအချက်ကို မမှီခိုရာ ဒါက လက်ဆောင်လေးတစ်ခုသာ ဖြစ်သွားလေသည်။
"ဒါက မင်းအတွက် အမှိုက်ပုံးထဲပစ်လိုက်သလိုပဲ ဆိုတာတောင်မှ အစားအသောက် ပွဲတစ်ရာလောက် ပြန်လိုချင်သေးတယ်ပေါ့လေ"
လင်းခိုင်က အဓိကအချက်ကို ထောက်ပြသည်။
"....."
ကုဖုန်း ဆွံ့အသွားရလေပြီ။ အဲဒီ့နောက် ပြန်လည်ချေပသည်။
"ဒါပေါ့။ အဲဒါကြောင့်ပဲ ငါကလူဆိုးတစ်ယောက်လို့ပြောနေတာလေ။ တစ်ကယ်လို့ ငါသာလူကောင်းတစ်ယောက်ဆိုရင် ဘာလို့ညစာပြန်ကျွေးခိုင်းနေမှာလဲ"
"ဒါဆို... မင်းရဲ့အလုပ်အကြောင်း ဘာလို့ ကျွန်တော့်ကိုမပြောပြတာလဲ"
လင်းခိုင်တစ်ယောက် ကုဖုန်းက လူကောင်းတစ်ယောက်ဆိုတာ သက်သေပြရန် ပြင်းထန်စွာ ခွန်းတုံ့ပြန်လေသည်။
VOUS LISEZ
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
Roman d'amourDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...