အခန်း ၁၄၄။ လင်ကျန်းရီရဲ့ရယ်စရာအပြုအမူတွေ မပြီးဆုံးနိုင်သေးပါ။

1.2K 179 16
                                    

အခန်း ၁၄၄။ လင်ကျန်းရီရဲ့ရယ်စရာအပြုအမူတွေ မပြီးဆုံးနိုင်သေးပါ။

သူတို့နှစ်ဦး ပြည်သူ့ရေးရာဗျူရိုတွင် လက်ထပ်မှတ်ပုံတင်လုပ်ပြီးနောက်....

လင်ကျန်းရီသည် စားသောက်နေချိန်တွင် လက်ထပ်မှတ်ပုံတင်ကတ်ကို ထမင်း၊ ဟင်းပန်းကန်ဘေးမှာထားသည်။

အိမ်မှာ လုပ်စရာမရှိလျှင် အလကားနေရင်း ပြုံးရယ်နေတတ်ပြီး ထိုကတ်ကို မိဘများကိုပြသည်။ ဒါမှမဟုတ် သူ့ဘာသာပြန်ဖွင့်ကြည့်သည်။

ကုမ္ပဏီကိုသွားပြီဆိုလျှင်ဝောာ့ ထိုကတ်ကို  လက်မောင်းထဲ တစ်ချိန်လုံးပွေ့ပိုက်ထားတတ်သည်။

စုကျစ်ယန်တစ်ယောက် အချစ်မေတ္တာများဖြင့် နေ့လည်စာလာပို့ချိန်မှာဆိုရင်တော့ ထိုလက်ထပ်မှတ်ပုံတင်ကတ်ကို သူ့စားပွဲပေါ်ရှိ ကွန်ပျူတာဘေးတွင် ပွင့်လျက်မြင်ရလိမ့်မည်ဖြစ်ပြီး သူတို့၏ဓာတ်ပုံများက သွားများပေါ်လောက်အောင် ပြုံးရယ်နေတာကိုပါ တွေ့ရလိမ့်မည်။

သားတွေနှင့် အတူရှိနေချိန်မှာဆိုရင်ဝောာ့ သားတွေကို "ဒါကသားတို့ရဲ့ ဖေဖေနဲ့ဒယ်ဒီတို့ရဲ့ လက်ထပ်မှတ်ပုံတင်ပေါ့။ လက်ထပ်မှတ်ပုံတင်ဆိုတာသိလား။ အဲဒါက ဖေဖေနဲ့ ဒယ်ဒီတို့ အခုတရား၀င်လက်ထပ်ပြီးပြီလို့ ပြောတာလေ။ ဒါမှသားတို့ရဲ့ဖေဖေက ဥပဒေအရကာကွယ်မှုရမှာပေါ့။ ပြီးတော့ သားတို့ကလည်း ဒယ်ဒီတို့ရဲ့အချစ်တွေကနေ ဖြစ်လာတဲ့ ကလေးလေးတွေလေ"ဆိုပြီး ပြလိမ့်မည်။

**********

ယနေ့ကိုဖယ်ကာရေလျှင် ကိုးရက်မြောက်နေ့သည် တရုတ်နှစ်သစ်ကူးပွဲတော်နေ့ဖြစ်သည်။ အားမကိုးရသော ဒယ်ဒီနှင့်ဖေဖေ နှစ်ယောက်သားသည် နောက်ဆုံးမှာတော့ ကလေးတွေကို မွေးစာရင်းမသွင်းရသေးဘူးဆိုတာ သတိရသွားသည်။

ဒီနှစ်အတွက် နွေဦးပွဲတော်သည် Gregorian ပြက္ခဒိန်၏ ဖေဖော်ဝါရီလ ရှစ်ရက်နေ့ဖြစ်သည်။ လင်ကျန်းရီနှင့် စုကျစ်ယန်တို့ ဒီအလေးအနက်ထားရမည့်နေ့ရက်က Gregorian ပြက္ခဒိန်အရ ဇန်နဝါရီလ၂၉ရက်ဆိုတာ သတိထားမိကြသည်။

ကလေးများ၏မွေးနေ့က စက်တင်ဘာ ၂၅ရက်နေ့မို့ ငါးလနှင့် လေးရက်ပြည့်လေပြီ။ သေစမ်း... သူတို့ မွေးစာရင်းမသွင်းရသေးဘူး။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Opowieści tętniące życiem. Odkryj je teraz