အခန်း ၁၇၇။ သားညီလေး အလုခံလိုက်ရပြီ။

377 11 0
                                    

အခန်း ၁၇၇။ သားညီလေး အလုခံလိုက်ရပြီ။

"မေးခွန်း... မင်းဇနီးရဲ့ အကြိုက်ဆုံးအသီးကဘာလဲ"

အပြင်တွင် ဇနီးအလုခံလိုက်ရပြီး တစ်ယောက်တည်း တိုက်ခိုက်နေရသော လင်ကျန်းရီ : "နာနတ်သီး"

"မင်းရဲ့ဇနီး ဒီနေ့အောက်ခံဘောင်းဘီ ဘာရောင်ဝတ်ထားလဲ"

ယဲ့ရှော်သည် အခန်းတံခါးကိုဖြတ်ကာ တစ်ဘက်လူကြားရစေရန် အော်မေးလိုက်သည်။

လင်ကျန်းရီ အောင်ပွဲခံဟန်ဖြင့်ဖြေသည်။

"အနက်ရောင်"

ဒီမနက်မှ ကျစ်ယန်ကိုသူဝတ်ပေစထားတာ မင်းတို့တွေ မသိဘူးမလား။

တစ်ဘက်မှာတော့ ယဲ့ရှော်တစ်ယောက် ခေါင်းလှည့်ကာ စုကျစ်ယန်ဘာရောင်ဝတ်ထားလဲကြည့်ရန် လော့ယန်ကိုခိုင်းသည်။ ဒီတော့ အပြင်ဘက်မှကြားနေရသူလင်ကျန်းရီ အော်ဟစ်လေသည်။

"ငါရမ်း‌ဖြေတာမဟုတ်ဘူး။ ဒီမနက်မှ ငါကိုယ်တိုင်ဝတ်ပေးထားတာ"

"အိုး--"

ယဲ့ရှော်၊ လော့ယန်နှင့် ကုဖုန်းတို့ အံ့အားသင့်ဟန်ပြသည်။ စုကျစ်ယန်မှာမူ အိပ်ယာပေါ်တွင် ဇိမ်ကျကျလဲလျောင်းနေပြီး သူတို့သုံးယောက်ကိုမေးရန် မေးခွန်းကို အကြံပေးလေသည်။

"သူ့နှလုံးသားထဲက အရေးအကြီးဆုံးလူက ဘယ်သူလဲလို့မေးလိုက်"

ဟေး.... မင်းက ဘယ်သူ့ဘက်ကလဲကွ။

လင်ကျန်းရီ၏အဖြေက သေချာပေါက် စုကျစ်ယန်ပဲဖြစ်သည်။

ရှုပ်ထွေးလွန်းသောမေးခွန်းများ ကုန်ဆုံးသွားပြီးနောက် နောက်တစ်ဆင့်က အနီရောင်စာအိတ်ပေးရန်ကိစ္စဖြစ်သည်။ လင်ကျန်းရီ သေချာပေါက် ကြိုတင်ခန့်မှန်းမိလေရာ အချိန်အတော်ကြာကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့သည်။

ထို့ကြောင့် စာအိတ်နီကို ထုတ်ယူကာ တံခါးခေါက်လိုက်သည်။

"မြန်မြန် တံခါးဖွင့်ပေးစမ်းပါ"

ဒီကိစ္စပြီးပြီဟု လော့ယန်ထင်ခဲ့တာကြောင့် တံခါးဖွင့်လိုက်သည်။ ညစ်ကျယ်ကျယ်အတွေးများရှိသော ကုဖုန်းနှင့် ယဲ့ရှော်တို့ တံခါးကိုပြန်ပိတ်ချင်သော်လည်း နောက်ကျသွားလေပြီ။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Onde histórias criam vida. Descubra agora