အခန်း ၁၅၅။ ဇနီးလေး၏လုပ်ဖော်ကိုင်ဖက်များ
"လင်ကျန်းရီ... ခင်ဗျားဘာတွေတွေးနေတာလဲ"
စုကျစ်ယန်တစ်ယောက် စားပွဲကိုအသံမြည်အောင်ရိုက်ကာ အတွေးပျံ့နေသော လင်ကျန်းရီ၏၀ိဉာဥ်ကို ပြန်ခေါ်ရလေပြီ။
"အာ... အိုး... ဘာမှမဟုတ်ပါဘူး။ ကိုယ်တို့လက်ထပ်ပွဲအတွက် ဘယ်သူတွေကိုဖိတ်ရမလဲလို့ စဉ်းစားနေတာပါ။ ပြီးတော့ ပွဲကျင်းပမဲ့ရက်ကိုရောပေါ့..."
လင်ကျန်းရီ ရက်များရေတွက်လိုက်သည်။"ဖိတ်စာတွေ ပို့ဖို့ကစောသေးတယ်လို့ ကိုယ်ထင်တယ်"
"ဖြစ်နိုင်တယ်။ ကျွန်တော့် မိဘမဲ့ဂေဟာက ဂေဟာမှူးကို ဖိတ်ချင်တယ်"
စုကျစ်ယန် ရုတ်တရက်တွေးမိပြီး ဂရုတစိုက်မေးလိုက်သည်။
"ဖိတ်လို့ရမလားဟင်။ ကျွန်တော့်နောက်ခံက သိပ်မကောင်းဘူးဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့လက်ထပ်ပွဲနေ့မှာ သူ့ကိုဖိတ်တာက ခင်ဗျားအပေါ် အရှက်ရစေနိုင်ရင်..."
"မင်းက ကိုယ့်ရဲ့အထူးပုဂ္ဂိုလ်လေးဆိုတာ မသိဘူးလား...ဟင်..."
လင်ကျန်းရီ ရှုသိုးသိုးဖြင့်ပြောသည်။
"ကိုယ့်ကို ကပ်စေးနဲပြီးအမြင်ကျဉ်းမြောင်းတဲ့သူလို့များ တွေးနေသလား။ ဂေဟာမှူးက မင်းရဲ့အကြီးအကဲလေ။ ပြီးတော့ မင်းကိုကြီးပြင်းတဲ့အထိ စောင့်ရှောက်ပေးခဲ့တာ။ သူမကိုဖိတ်ဖို့ဆိုတာ သဘာ၀ကျတယ်လေကွာ။ ဒါ့အပြင် ကိုယ်တို့အနေနဲ့ သူမဆီသွားပြီး ဧည့်သည်တော်အနေနဲ့ တက်ရောက်ပေးဖို့ အထူးသီးသန့်တောင် ဖိတ်ရဦးမှာ"
စုကျစ်ယန်၏နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးတက်သွားကာ ပျော်ရွှင်စွာပြုံးလိုက်သည်။"အင်း... ကျေးဇူးပါယောက်ျား... ခင်ဗျားက ကျွန်တော့်အပေါ် အကောင်းဆုံးလူဆိုတာ ကျွန်တော်သိသားပဲ..."
လင်ကျန်းရီ သက်ပြင်းချသည်။
"ကိုယ့်ကို ယောက်ျားလို့ ခဏခဏခေါ်ပေးဖို့က အရေးအကြီးဆုံးသော့ချက်ပဲ"
လင်ကျန်းရီ ဟန်ဆောင်ပန်ဆောင် သက်ပြင်းချသည်။
"တစ်စုံတစ်ယောက်ကဝောာ့ သူလိုချင်တာရမှပဲ ယောက်ျားလို့ ခေါ်တတ်တော့... ဟူး... ၀မ်းနည်းလိုက်တာနော်"
KAMU SEDANG MEMBACA
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
RomansaDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...