Chapter 134 The Scum
January 05, 2024Chapter 134
ချင်းယောင်၏ ဖုန်းမှတစ်ဆင့် ဖော်ပြချက်များအား ကျုံးယို့ယို့ကြားပြီးသွားသည့်နောက်တွင် ထိုအရာသည် အလွန်ပြင်းထန်ပြီး ထိတ်လန့်စရာကောင်းလိမ့်မည်ဟု သူမ မတွေးခဲ့ပေ ။
သူမနှင့် ရှောင်ကျောက် လေဆိပ်မှ ထွက်လာသောအခါတွင် တိုက်ခန်းသို့ ပြန်မောင်းသွားခဲ့ပြီး သူတို့သည် ပိတ်ဆို့ထားသောထိုင်ကျင်းလမ်းဟောင်းမှ ဖြတ်ရန် ဖြစ်လာခဲ့သည် ။
သူတို့ ထိုနေရာသို့မရောက်ခင်တွင် အရှေ့တည့်တည့်တွင် ပိတ်ထားသည်ကို တွေ့လိုက်ရပြီး ထိုအရာသည် ပိတ်ဆို့မှုအတန်းအရှည်ကြီး ဖြစ်နေခဲ့သည် ။
အနည်းငယ်ဝေးသောနေရာတွင် အလုပ်သမားဝတ်စုံနှင့် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်ကျင်းလမ်းဟောင်းပေါ်တွင် တစ်ယောက်ကိုတစ်ယောက် လက်များချိတ်ထားကာ သူတို့၏ ဇနီး ၊ ကလေး နှင့် မိဘများသည်လည်း သူတို့အား ကိုင်ထားခဲ့ကြသည်ကို တွေ့နေရသည်။ သွေးကြောမျှင်အတန်းလိုက်သည် လမ်းတစ်လျှောက်တွင် ပိတ်ဆို့ထားခဲ့သည် ။
ထိုနေရာတွင် ကျုံးမိသားစုထံ၌ ဖြစ်ပျက်နေသည့် ရှယ်ယာများကျဆင်းသည့်ကိစ္စကြောင့် သူတို့၏ ပိုက်ဆံများကို ဆုံးရှုံးလိုက်ရသော လူအုပ်စုလည်း ရှိနေခဲ့သည် ။ မျက်နှာများတွင် မျက်ရည်စီးကြောင်းနှင့် လမ်းတစ်ဖက်စီ၌ ထိုင်နေခဲ့ကြသည် ။
ပြေလည်မှုရစေရန် ရဲအရာရှိအများအပြားစေလွှတ်ထားသော်လည်း ထိုအရာသည် အသုံးမဝင်ပေ ။ တွန်းအားပေးခြင်းသည် ပြဿနာများကိုသာ ပိုကြီးစေလိမ့်မည် ။ ငိုကြွေးခြင်း ၊ ဒေါသများနှင့် မေးခွန်းများဆက်တိုက်ထွက်ပေါ်လာခြင်းသည် လမ်းတစ်လျှောက်လုံး၌ ပရမ်းပတာအခြေအနေများ ဖြစ်ပေါ်စေခဲ့သည် ။
ကျုံးယို့ယို့သည် တစ်စုံတစ်ခုဖြစ်လာမည်ကို စိုးရိမ်နေပြီး ပြောလိုက်သည် ။
" ဒီလမ်းက မသွားနဲ့ ။ တစ်ခြားဘက်က ပတ်သွားလိုက် "
" ဟုတ်ပြီ "
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊