Chapter 131 The Scum
January 05, 2024
Chapter 131ကျုံးယို့ယို့ ဦးဆောင်သောအဖွဲ့သည် လှည့်ကွက်အလှည့်အပြောင်းများဖြင့် အသင်းအားလုံးကြားတွင် အမိုက်ဆုံးဖြစ်သည်။ ယခုပြိုင်ပွဲအချိန်သည် အခြားအချိန်များနှင့် နှိုင်းယှဉ်ပါက ဆီမီးဖိုင်နယ်အတွင်း ကြည့်ရှုသူ သိသိသာသာ ပိုများသည်။ ကြည့်ရှုသူသည် အရာများစွာကို ဆုံးဖြတ်ပေးကာ နောက်ဆက်တွဲ အာရုံဆွဲေဆာင်မှုက ပြောစရာပင် မလိုချေ။
ဤအခိုက်အတန့်တွင် အခန်း (၁၉)မှလူများနှင့် ဤအဖွဲ့၏ပါဝင်သူများသာမက တင်ဆက်သူအပါအ၀င် အားလုံးသောသူတို့သည် နောက်ဆုံးရလဒ်ကြောင့် တုန်လှုပ်သွားပြီး ဖန်သားပြင်ရှေ့ရှိ အခြားကြည့်ရှုသူများအားလုံးကိုလည်း ဤအံ့အားသင့်ဖွယ်ရာ အလှည့်အပြောင်းများဖြင့် အပျင်းပြေစေသည်။
အွန်လိုင်းထုတ်လွှင့်မှုတွင် မှတ်ချက်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ " ရက်ကွန်းခေါင်းဆောင်းကို ၀တ်ထားသူက တကယ်ကို စကေးရှိတယ်ဟ၊ ဟားဟား၊ ငါ့ကို သေလောက်အောင် ရယ်နေရစေတယ် "
" မိုက်လိုက်တာ၊ အဲဒါက ပြီးပြည့်စုံတဲ့ စိုးမိုးမှုပဲ "
" ငါ သူ့ကို အကြိုဗိုလ်လုပွဲကတည်းက လောင်းထားတာ ။ အခု သူမ ငြိမ်နေတာတွေ့တော့ တော်တော်လေး တုန်လှုပ်သွားတယ်။ ဟားဟား၊ အခုတော့ ငါ လူမှားပြီး လောင်းထားမမိဘူးထင်တယ် "
ဒုတိယအကျော့ပွဲစဉ်သည် လျင်မြန်စွာပြီးဆုံးခဲ့ပြီး အထူးသဖြင့် ကျုံးယို့ယို့အဖွဲ့အတွက် အငြင်းပွားမှုမရှိဘဲ ပြီးဆုံးသွားသည်။
ကင်မရာများစွာနှင့် ပရိသတ်အများအပြားရှိ နေပြီး ချောင်လန်သည် ခံတွင်းခြောက်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် စင်ပေါ်မှ သူမ မည်သို့ဆင်းလာသည်ကို မသိချေ။
သူမ စောင့်ဆိုင်းခန်းသို့ ပြန်လာပြီး ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်မောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
သူမက ဤအခိုက်အတန့်တွင် နောင်တအပြည့်ဖြင့် သွားများကို အံကြိတ်ထားသည်။ လုံလုံလောက်လောက်အားအင်ရှိသော်လည်း အဘယ့်ကြောင့် ထိုမိန်းကလေး၏ လက်ထဲတွင် ကျရှုံးခဲ့ရသနည်း။ ဆယ်မိနစ်အတွင်း ထိုမိန်းကလေး မေးခွန်းသုံးခု၏အဖြေကို မည်သို့ဖြေရှင်းနိုင်သည်ကို ဘုရားသခင်သာ သိတော်မူလိမ့်မည် ။
BINABASA MO ANG
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊