chapter 127

370 49 0
                                    

Chapter 127 The Scum
January 03, 2024

Chapter 127

နာ့ချောင်လန်၏လေသံထဲတွင် ပုတ်ခတ်ပြောဆိုခြင်းကို လူတိုင်းကြားနိုင်‌သော်လည်း ‌သူမက ပြုံးရီရင်း နောက်‌ပြောင်နေသကဲ့သို့ ပြောခဲ့သည်။သို့သော်လည်း ပြည်နယ် Z မှ နံပါတ်တစ်‌ဘော့စ်က ပါးစပ်ကို ဖွင့်လိုက်သောအခါ အမှန်တကယ်ပင် မယဉ်ကျေးသည့် ဝံပုလွေဖြစ်သည်။

လူတိုင်းက ဤနေရာကို တစ်ယောက်ပြီး တစ်ယောက်ကြည့်လာကြပြီး သူတို့၏စိတ်ထဲတွင် ရှိုးကြည့်နေသကဲ့သို့ဖြစ်သည်။

ချောင်လန်၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားသည်။ ရောင်စုံအဝါးကွက်များနှင့်သူ၏အသေးစိတ်အချက်အလက်များကို သူမ မသိသော်လည်း ထိုလူဝင်လာပြီးနောက် သူမ ကြည့်လိုက်အခါ အဖြူရောင်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကိုသာ ၀တ်ဆင်ထားသဖြင့် သူ၏ပုံပန်းသွင်ပြင်ကောင်းသည်မှလွဲ၍ မိသားစုနောက်ခံမရှိဟု ခံစားမိသည်။

ကျောင်းများ၌ လုံ့လဝီရိယရှိရှိနှင့် ကြိုးစားအားထုတ်သည့် စာကြမ်းပိုးတစ်ယောက်ဖြစ်‌‌ပေလိမ့်မည်။ ဤကဲ့သို့ တသီးတသန့်နေတတ်သည့် သူတစ်ယောက်သည် သူမနှင့် ငြင်းခုံဖို့ နေနေသာသာ လူအများရှေ့၌ ကျယ်ကျယ်လောင်လောင်ပင် ပြောဆိုဝံ့မှာ မဟုတ်‌ချေ။

ထို့ကြောင့် သူမအနိုင်ကျင့်လိုက်ခြင်းဖြစ်သည်။

သို့သော် ဤကောင်မလေးက ဤမျှလောက်ရိုင်းစိုင်းမည်ဟု မမျှော်လင့်ထား‌ချေ။

ကျုံးယို့ယို့ သူမနှင့် စကားများကာ အချိန်မဖြုန်းဘဲ ကျောင်းလွယ်အိတ်ကိုသာ ကိုင်ကာ ပစ္စည်းများဆီသို့ ဦးတည်သွားလိုက်သည်။

ကျုံးယို့ယို့ထွက်သွားပြီးနောက်

ချောင်လန်၏ မျက်နှာက တင်းမာနေဆဲဖြစ်သည်။  သူမသည် ပြည်နယ်တွင် ထိပ်တန်းသုံးဦး ဖြစ်ခဲ့ပြီး ထိုသို့သောသဘောထားမျိုး မည်သူမျှ မပေးဝံ့ခဲ့ပေ။

သူမကို ဝိုင်းဖွဲ့စုရုံးလာသူအားလုံးက H ခရိုင်မှ ဖြစ်ကြသည်။ တစ်စုံတစ်ယောက်က သူမ၏အမူအရာကို တစ်ချက်ကြည့်လိုက်ပြီး " ကောင်းပါပြီ၊ အဲဒီလူရဲ့အဆင့်ထိ မနှိမ့်ချနဲ့။ သူက တော်တော်ရိုင်းတာပဲ၊ ဟာသတစ်ခု‌ ပြောလိုက်ရုံပဲ မဟုတ်လား၊ အဲ့လိုဖြစ်ဖို့လိုအပ်လို့လား "

ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်Donde viven las historias. Descúbrelo ahora