Part 8.2

3K 281 1
                                    

အခန်း (၈.၂)

လူတွေ လာရောက်ခြင်း

ကျန်းလီကို စကားပြောခဲ့တဲ့ နူးညံ့သိမ်မွေ့တဲ့ သခင်မကြီးက မေးလိုက်တယ်။

"ဒီသခင်မလေးက သီလရှင်ကျောင်းက လူဖြစ်ပုံ မပေါ်ဘူး"

"ကျွန်မရဲ့ သခင်မလေးက ယန်ကျင်းမှာရှိတဲ့ ကျန်းမိသားစုရဲ့ဒုတိယ သခင်မလေးပါ"

တုန်အာက ကြည်လင်ပြီးတော့ ကျယ်လောင်တဲ့ အသံနဲ့ ပြန်ပြောလိုက်တယ်။

တုန်အာပြောတာကို ကြားလိုက်ရတဲ့အခါမှာ၊ တစ်ဖက်က သခင်မလေးတွေ တော်တော်များများက သူတို့ဘက်ကို လှမ်းကြည့်ပြီးတော့ မေးလိုက်တယ်။

"ဒါက ဒုဝန်ကြီးဖြစ်တဲ့ သခင်ကြီး ကျန်းယွမ်ပိုင်ရဲ့ ကျန်းမိသားစုလား"

"အတိအကျပါပဲ"

တုန်အာက တိကျခိုင်လုံတဲ့ အဖြေကို ပေးခဲ့တယ်။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ကျန်းလီရဲ့အသက်က သိပ်မကြီးသေးတာကို မိန်းကလေးအများစုက သတိထားမိပြီး တုံ့ဆိုင်းမနေဘဲ ပြောလိုက်ကြတယ်။

"ကျန်းမိသားစုမှာ တတိယသခင်မလေး ကျန်းယို့ယောင်ရှိတာကို သိပေမဲ့၊ ဒုတိယသခင်မလေး ရှိသေးတာကိုတော့ ငါတို့ မတွေးမိခဲ့ကြဘူး"

"ဒုတိယသခင်မလေးကျန်း"

ဒီစကားလုံးတွေ ထွက်လာတဲ့ အချိန်မှာတော့ မိန်းမပျိုတွေက ဘာတုံ့ပြန်မှုမှ မရှိခဲ့ကြတော့ဘူး။ ဘယ်လိုဖြစ်နေပါစေ၊ လွန်ခဲ့သော ရှစ်နှစ်လောက်က ကျန်းမိသားစုရဲ့ ဒုတိယသခင်မလေးက သခင်ကြီးကျန်းရဲ့ ဒုတိယဇနီးရဲ့ ကိုယ်ဝန်ကို ပျက်ကျစေခဲ့တာကို သခင်မကြီးတွေထဲက တစ်ယောက်စီတိုင်းက အမှတ်ရသွားခဲ့ကြတယ်။ ဒီကိစ္စကို ယန်ကျင်း တစ်မြို့လုံးက သိခဲ့ပေမဲ့ အဲ့ကိစ္စပြီးဆုံးတာ အချိန်ကြာခဲ့ပြီ ဖြစ်တယ်။ ပြဿနာ ဖြစ်ပြီးတဲ့အချိန်မှသာ၊ စည်းကမ်းတွေကို သင်ယူလေ့လာဖို့ဆိုပြီး ဒုတိယသခင်မလေးကျန်းကို ဘုရားကျောင်းကို စေလွှတ်ခဲ့တယ် ဆိုတာကို သူတို့က သိခဲ့ရတယ်။ ဒီနှစ်တွေမှာ သူမက မြို့တော်ကို ဘယ်တော့မှ မပြန်ခဲ့ရဘူး။ သူမနဲ့ ဘယ်တုန်းကမှ မဆုံဖူးတာကြောင့်၊ သူတို့က သူမကို မမှတ်မိနိုင်ခဲ့ကြဘူး။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now