Part 58.1

787 73 0
                                    


MDD-58.1

အဖွဲ့အစည်း...

ကျန်းလီက စာမေးပွဲမှာ နောက်ဆုံးသာ မဖြစ်ခဲ့ရင်၊ မုန့်ဟုန်ကျင်းက ကျန်းလီရှေ့မှာ ဒူးထောက်ပြီးတော့ တောင်းပန်ခဲ့ရလိမ့်မယ်။

စာမေးပွဲမှာ ကျန်းလီက မုန့်ဟုန်ကျင်းထက် အမှတ်ပိုများခဲ့မယ်ဆိုရင်၊ မုန့်ဟုန်ကျင်းက ကျောင်းရဲ့ဝင်ပေါက်ရဲ့ တံခါးမှာ ဒူးထောက်ပြီးတော့ ကျန်းလီကို တောင်းပန်ရလိမ့်မယ်။

ဒီအခြေအနေတွေက တစ်ခုထက် တစ်ခု ပိုပိုပြီးတော့ ကြောက်ဖို့ကောင်းလာခဲ့တယ်။ လောင်းကစားသုံးခုက တစ်ခုပြီးတော့ နောက်တစ်ခုနဲ့ တခြားသူတွေရဲ့ သတ္တိကို တုန်လှုပ်သွားစေခဲ့တယ်။

မင်ယီကျောင်းတော်က ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ် ငြိမ်သက် သွားစေခဲ့တယ်။ အံ့အားသင့်သွားတာက မုန့်ဟုန်ကျင်း သာမကပဲ၊ ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ ကျန်းယို့ရောင်နဲ့ လျူဝူတို့ကတောင်မှ အံ့အားသင့်သွားခဲ့တယ်။ ဘယ်သူကမှလဲ စကားမပြောခဲ့သလို၊ ဘယ်သူကမှလဲ စကား မပြောနိုင်ခဲ့ဘူး။

တစ်ခဏလောက် မုန့်ဟုန်ကျင်းက ကြက်သေသေသွားခဲ့ပြီးမှ သူမက စိုးရိမ်စိတ်နဲ့ ပြန်ပြောလိုက်တယ်။

"ကျန်းလီ၊ နင်က သတ္တိကောင်းတာပဲ"

ကျန်းလီက ဘာမှမထူးခြားသလိုမျိုး ပြုံးပြီးတော့ ပြောလိုက်တယ်

"ငါ့ရဲ့သတ္တိက အမြဲတမ်း ကောင်းတယ်။ နင့်ရဲ့ သတ္တိက ဘယ်လောက်ကောင်းသလဲ ဆိုတာကိုတော့ ငါမသိဘူး။ အခုကြည့်တာတော့ သတ္တိကောင်းမဲ့ပုံပါပဲ။ ဒီလောင်းကစားရဲ့ လောင်းကြေးကိုရော မင်း တတ်နိုင်ပါ့မလား"

မုန့်ဟုန်ကျင်းက စကားတစ်ခွန်းမှ မပြောခဲ့ဘဲနဲ့ အံကြိတ်လိုက်တယ်။ ကျန်းလီက သိပ်ပြီးတော့ ဂရုမစိုက်ဘဲ ပြောခဲ့တယ်။ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ လောင်းကြေးငွေ ဆိုပေမဲ့၊ သူမက အထစ်အငေါ့မရှိဘဲနဲ့ ပြောခဲ့တယ်။ ဒါပေမဲ့ သူမတို့ရဲ့ လောင်းကြေးက တကယ်ကို ထိတ်လန့်စရာကောင်းခဲ့တယ်။ ဘယ်သူပဲ အနိုင်ရခဲ့ပါစေ၊ ရှုံးတဲ့အဖွဲ့က ယန်ကျင်းတစ်ခုလုံးမှာ အရှက်ကွဲပြီးတော့ တစ်မိသားစုလုံး မျက်နှာ မပြရဲဖြစ်သွားခဲ့လိမ့်မယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းDove le storie prendono vita. Scoprilo ora