Part 60

844 76 1
                                    


MDD-60

မြို့တော်ကို ပန်းတွေနဲ့ ဖုံးလွှမ်းခြင်း

ဖုန်းဖေးဥယျာဥ်တော်ရှေ့မှာ စိုးရိမ်တကြီးနဲ့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတဲ့ တုန်အာက ကျန်းလီနဲ့ ပိုင်ရွှယ်တို့ ဝမ်ဖုန်းခန်းမဆောင်ကနေ ပြန်လာတာကို တွေ့တော့ အံဩတဲ့အကြည့်တွေနဲ့ ပြောလိုက်တယ်။

"သခင်မလေး၊ မြန်လိုက်တာ"

ကျန်းလီကလည်း ပြောလိုက်တယ်။

"ဟုတ်တယ် ငါ ထင်ထားတာ ထက်တောင် မြန်နေသေးတယ်"

ကျန်းလီကလည်း အစတုန်းကတော့ သူမရဲ့မိသားစုဝင်တွေက ဝိုင်းပြီးတော့ ပြောကြလိမ့်မယ်လို့ တွက်ဆထားခဲ့တယ်။ ဒါပေမဲ့ သူမပြောခဲ့တဲ့ပုံက ဟာကွက်မရှိ ဖြစ်နေတဲ့အတွက်၊ ဘယ်သူကမှ စကားမစရဲကြတော့တာ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ပထမအချက်ကတော့ သူမက အမှားကို အရိုးသားဆုံး ဝန်ခံလိုက်တယ်။ ဒုတိယအချက်အနေနဲ့က လုပ်ပြီးသား အရာတစ်ခုကို ပြန်ပြင်လို့ မရတော့မှန်း သိအောင် ပြောပြနိုင်ခဲ့တာကြောင့်လည်း ဖြစ်လိမ့်မယ်။ သခင်မကြီးကျန်းနဲ့ ကျန်းယွမ်ပိုင်တို့က စကားစပင် ရှာမရ ဖြစ်သွားခဲ့ကြတယ်။ ကျိရှုရန်နဲ့ ကျန်းယို့ယောင်တို့ကလဲ ကျန်းလီရဲ့စကားကြောင့် နှုတ်ဆိတ်သွားခဲ့ကြတယ်။ ဒီပြသာနာက ပြဿနာ တစ်စုံတစ်ရာ မဖြစ်ဘဲ ပြီးသွားတဲ့အတွက် ကျန်းလီ စိတ်အေးသွားခဲ့ရတယ်။

ကျန်းယွမ်ပိုင် ကိုယ်တိုင်ကလည်း ဒီရက်တွေ အတောအတွင်းမှာ သူ့သမီးအတွက် ဆရာကိုရှာပေးခဲ့တယ်။ အနည်းဆုံးတော့ ဆိုးဆိုးရွားရွား မဖြစ်သွားခဲ့ရင် ကောင်းမယ်လို့ တွေးထားခဲ့ကြပုံပေါ်နေခဲ့တယ်။ ကျန်းလီကတော့ သူမရဲ့ အဖေရွေးပေးတဲ့ဆရာကိုငြင်းပယ်ကာ၊ ဒီရက်တွေအတွင်းမှာ သူမရဲ့ စိတ်ကိုအနားပေးရင်း သူမကိုယ်တိုင်သာ ကြိုးစားမယ်လို့သာ ပြောခဲ့တယ်။

ကျန်းယွမ်ပိုင်က သူ့သမီးရဲ့ ခေါင်းချောင်သွားပြီလို့သာ ထင်ပြီးတော့၊ မုန်တိုင်းမလာခင် လေပြေလေးတွေသာ အရင်ရောက်လာပါစေ ဆိုပြီး သူ့သမီးကို လွှတ်ထားပေးလိုက်တယ်။ သူမရဲ့ အဖေက တခြား မတွေးဖို့ကိုပဲ သူမက မျှော်လင့်နေခဲ့ရတယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now