Part 55.2

1.7K 132 0
                                    


MDD-55.2

အပေးနဲ့ အယူ

ရှန်းယွီရုန်က ဂုဏ်ယူရတဲ့ အမှတ်အများဆုံးရတဲ့ လူ ဖြစ်လာတဲ့အခါက၊ သူ့ရဲ့ အထက်မှာရှိတဲ့ သူရဲ့ အနာဂတ် လုပ်ဖော်ကိုင်ဖက်တွေရဲ့စရိုက်တွေကို နားလည်ဖို့ အနည်းငယ် အားထုတ်ခဲ့ရတာကို ကျန်းလီက အစကထဲက သိခဲ့တယ်။ လက်ယာဝန်ကြီး ဖြစ်တဲ့ လီကျောက်နန်မှာ သားနှစ်ယောက် ရှိခဲ့တယ်။ အကြီးဆုံးသားက လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရုပ်ရည်ချောမောပြီးတော့ အရည်အချင်းရှိတဲ့ လူငယ် တစ်ယောက်ဖြစ်ပေမဲ့၊ ဒုတိယသား ဖြစ်တဲ့ လီလျန်ကတော့ ဆိုးသွမ်းတဲ့ သားဖြစ် တယ်ဆိုတာက သိသာနေခဲ့တယ်။ အဲ့လိုမျိုး ဆိုးသွမ်းတဲ့သားက အပေါ်ယံအနေနဲ့ ကျေးဇူကြွေး ဆပ်ခဲ့တယ်၊ ကျန်းလီက တစ်ခုခုက အညှီနံ့ထွက်နေတာကို ခံစားမိခဲ့တယ်။

အဲဒါက ငါးညှီနံ့နံတယ်လို့ သူမက တွေးခဲ့တာကြောင့်၊ သူမက ပိုပြီးတော့ လေးလေးနက်နက် တွေးဖို့ ကြိုးစားခဲ့တယ်။ သူမသည် အနည်းငယ်ပို၍ မှတ်မိရန် ကြိုးစားခဲ့သည်။ မနေ့က ပြဿနာရှာနေတဲ့ လျိုကျစ်မင်က လီလျန့်ရဲ့ လူဆိုးအုပ်စုထဲမှာ ပါတယ်ဆိုတာကို ကျန်းလီက ရုတ်တရက် အသိဝင်သွားခဲ့တယ်။ အဲဒါအပြင် သူက လီလျန့်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တယ်။

လီလျန့်က ရီရှီကျီကို ကျေးဇူး ပြန်ဆပ်ဖို့ တကယ် တွေးနေတယ်ဆိုရင်၊ ရီရှီကျီ ရဲ့ အမည်ကို လျိုကျစ်မင်ကို ပြောပြဖို့ဆိုနာက မဖြစ်နိုင်ခဲ့ဘူး။ ရီရှီကျယ်နဲ့ လီလျန်တို့ အဆက်အသွယ် ရှိတာကို လျိုကျစ်မင် သိရင်၊ ရီရှီကျယ်နဲ့ ဘာ ေကြာင့် ပြဿနာတက်အောင် လုပ်ရဲရမှာလဲ။

ရီရှီကျယ်နဲ့ ပြဿနာတက်နေတဲ့ လျိုကျစ်မင်အကြောင်းကို လီလျန့်က မသိရင်တောင်မှ၊ ဒါမှမဟုတ် ပြေလည်သွားရင်တောင်မှ၊ အဲ့ကိစ္စကို လှုံ့ဆော်ခဲ့သူ ဖြစ်ချင်ဖြစ်နိုင်တယ်။

ဒါပေမဲ့ လီလျန့်က ဘာကြောင့် ဒီလိုမျိုး လုပ်ချင်နေရတာလဲ။

အချိန်တိုလေးအတွင်းမှာ၊ ကျန်းလီက သူမ တွေးနိုင်တဲ့ ဖြစ်နိုင်ချေတွေ အားလုံးကို ခန့်မှန်းထားခဲ့တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now