Ch 78
Part 1
"မိန်းကလေးလီက မနက်ဖြန်ငါတို့နဲ့အတူ နန်းတော်ကိုဝင်ရမှာဆိုတော့ လိုအပ်တာ လိုချင်တာမှန်သမျှကို မင်းအမေကိုသာပြောလိုက် သူကမင်းအတွက်အကုန် ပြင်ဆင်ပေးလိမ့်မယ်" ကျန်းသခင်မကြီးက ပြောလာတော့ ကျန်းလီက နာခံစွာခေါင်းငြိမ့်တုံ့ပြန်လိုက်တယ်။
"ဒါက ယန်ကျင်းပြန်ရောက်ထဲက ပထမဆုံးနန်းတော်ထဲဝင်ရမှာဆိုတော့ စည်းကမ်းတွေကိုလိုက်နာမှဖြစ်မယ် နားမလည်ဘူးဆို မေးလိုက် ဘာလုပ်ရမလဲမသိဘူးဆို ယိုရောင်ရဲ့အပြုအမူတွေအတိုင်း လိုက်လုပ်လိုက်ရုံပဲ ဝတ်ရမယ့် အဝတ်အစားတွေနဲ့လက်ဝတ်ရတနာတွေကိုလည်း အကုန်ပြင်ဆင်ပြီးပြီ မနက်ဖြန်မင်းက ကျန်းမိသားစုတစ်ခုလုံးရဲ့မျက်နှာကို ကိုယ်စားပြုရမှာ မင်းကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ ယုံကြည်တယ်"
ကျန်းသခင်မကြီးက မထင်မှတ်ထားစွာနဲ့ကျန်းလီကို ပထမဆုံးအကြိမ် ချီးကျူးလိုက်တော့ ကျန်းလီက ပြုံးရင်းခေါင်းငြိမ့်ပြလိုက်ပေမယ့် သူ့အပြုံးမှာတော့ စိတ်လှုပ်ရှားပျော်ရွှင်သွားတာမျိုး မရှိဘူး။သူမရဲ့ ဒီပုံက ကျန်းယွီအာရဲ့အမြင်ထဲရောက်သွားချိန်မှာတော့ ကျန်းယွီအာက လုံးဝကိုစိတ်ပျက်သွားတော့တယ်။ သူမက အင်မတန်မနာလိုမရှုစိတ်တွေနဲ့ ကျန်းလီကို သူမ ထပ်ဆိုးတဲ့ ငရဲကျသလို နေ့ရက်တွေပဲရှိစေချင်နေတယ်။
လုရှီက အပြုံးအပြည့်နဲ့ချီးမွမ်းလာတယ်။
"လီမိန်းကလေးက တကယ်ကိုအံ့ဩစရာပါပဲ အရှင်မင်းကြီးကိုယ်တိုင်က ဆုတော်ချီးမြှင့်မှာဆိုတော့ ကျွန်မတို့အိမ်တော်က လူငယ်မျိုးဆက်တွေထဲမှာ လီမိန်းကလေးတစ်ယောက်ပဲ ဒီလိုမျိုးကိုအောင်မြင်အောင်လုပ်နိုင်တာ ကြားတာတော့ ဒီနှစ်အင်ပါယာစာမေးပွဲမှာ ယဲ့မိသားစုက ယဲ့ရှီကျယ်က ပထမရသွားတာဆို ပြောရမယ်ဆို ရှန်ယန်းက ယဲ့မိသားစုကကျွန်မတို့ ကျန်းမိသားစုနဲ့အမျိုးတော်တယ်မလား သူကလည်း ကျန်းလီရဲ့အစ်ကိုဝမ်းကွဲဆိုတော့"
လုရှီက ကျန်းမိသားစုရဲ့ ပထမချွေးမ ယဲ့ကျန်းကျန်းကို ဒီလိုအချိန်မှ ထုတ်ပြောလာတာက သေချာပေါက် ကျီရှုးရန်ကိုစိတ်အနှောင့်အယှက်ပေးချင်လို့ပဲ။ ကျီရှုးရန်တို့အိမ်က သူ့တူကလည်း အင်ပါယာကျောင်းတော်မှာ တက်ရောက်ပေမယ့် ထူးချွန်တယ်ဆိုတဲ့အဆင့်တောင်မရှိတာမို့ ပထမရဖို့ဆိုတာ အဝေးကြီး။ ကျန်းလီကတော့ ယဲ့ရှီကျယ်နာမည်ပါလာတဲ့အခါ သူကယဲ့မိသားစုကို ဒီကျန်းမိသားစုရဲ့အရှုပ်တွေထဲ မပါစေချင်တာမို့ တိတ်တိတ်လေး သက်ပြင်းချလိုက်တယ်။ သူတစ်နေ့နေ့ ရှန်ယန်းကိုပြန်ပြီး သူ့အဖေ ရွှယ့်ဟွိုင်ယွမ်အတွက်စုံစမ်းဖို့ဆို ယဲ့မိသားစုကိုမှီခိုရဦးမှာမို့ ကျန်းမျိုးရိုးတွေရဲ့ ဒီအရှုပ်ထဲ ထိုမိသားစုကို ဆွဲထည့်တာက သေချာပေါက် ကောင်းတဲ့အရာမဟုတ်တဲ့အတွက် ကျန်းလီက သူတို့ကိုတော့ သန့်ရှင်းစေချင်သေးတယ်။

YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...