Ch 73
ဒီသီချင်းသာ ပြဇာတ်တစ်ပုဒ်ဆို အကုန်လုံး ဇာတ်လမ်းထဲမျောပါခံစားနေတဲ့အချိန် တစ်စုံတစ်ယောက်က သတိတရှိနဲ့ထိုဇာတ်ထဲမမျောနေတဲ့သူတစ်ယောက်ကို တွေ့ရင်တော့ လူတိုင်းအံ့သြသွားကြမှာပဲ။ ကျန်းလီက ထိုဇာမဏီမျက်ဝန်းတစ်စုံကို ငေးကြည့်ရင်း အကြည့်တွေထဲက အဓိပ္ပာယ် တစ်ခုခုကို ရှာဖွေနေချိန် သူမ ရင်ထဲ ထိုးထွင်းသိမြင်နေသလိုခံစားလိုက်ရတာကြောင့် ကျောချမ်းသွားသလိုခံစားလိုက်ရတာကလွဲ ဘာမှမသိလိုက်ရဘူး။ အဲ့ဒီ စိတ်ဆတ်တဲ့ အလှလေး မြို့စား ရှုက သူ့ကိုအကဲခတ်နေတယ်။ သေချာပေါက် သူမရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖို့လုပ်နေတာပဲ။
ကျန်းလီက မျက်လွှာချလိုက်ပြီး သူ့ရင်ထဲက ခံစားချက်အမြောက်အမြားကိုဖုံးကွယ်ရင်း သူ့တီးခတ်မှုပြီးမြောက်သွားတာကြောင့် အကဲဖြတ်သူနဲ့ကြည့်ရှုသူတွေကို အရိုအသေပေးလိုက်တယ်။ အားလုံးက အံ့သြလွန်းလို့ ဘာမှတောင် မပြောနိုင်တော့ဘူး။ ကျန်းလီရဲ့ အရင်စာမေးပွဲမှာ ပထမရတဲ့အပေါ် လူတွေက သူတို့မျက်စိနဲ့ကိုယ်တိုင် မမြင်ခဲ့ရတာကြောင့် မယုံသင်္ကာ နဲ့ လှောင်ပြောင်သရော်ခဲ့သံတွေ အားလုံးဟာ အခုတပ်အပ်တွေ့လိုက်ကြရတာမို့ တိတ်ကျသွားတော့တယ်။ သူတို့ အရှေ့မှာ ရှိနေတာ ကျန်းသခင်မလေး ၂ အစစ်ကြီးပဲ။
အကဲဖြတ်သူတွေထဲမှာ အပျော်လွန်နေတဲ့ လူအိုကြီး မျန်ကျူက အရင်ဆုံး အမေးထုတ်လာတယ်။
"မိန်းမငယ်လေး မင်းကို ဘယ်သူ ဗျပ်စောင်းတီးသင်ပေးတာလဲ?"
အကြီးအကဲချုပ်ရဲ့ တရားဝင်သမီးကို မိန်းမငယ်လေး လို့ခေါ်တာက အတော်လေးမယဥ်ကျေးရာရောက်တယ်။ ဒါပေမယ့် ထိုသူက ဧကရာဇ်ဟုန်ရှောင်းရဲ့ အနှစ်သက်ဆုံး ဂီတပညာရှင် ဖြစ်ပြီး ကျန်းယွမ်ပိုင်ကလည်း မျက်နှာသာပေးတဲ့သူဖြစ်နေတဲ့အခါ ဘယ်သူမှ ဘာမှမပြောလာတော့ဘူး။
သူ့မေးခွန်းကြောင့် လူတိုင်းက အခုမှဒီအချက်ကို တွေးရကောင်းမှန်းသိသွားကြတယ်။ ကျန်းလီရဲ့ လက်ရည်က ဗျပ်စောင်းကို အခုမှ ပထမဆုံးအကြိမ် ထိတွေ့ဖူးသလိုမဟုတ်ဘဲ နှစ်ပေါင်းများစွာ သင်လာခဲ့တဲ့ပုံဆိုတော့ ဘုရားကျောင်းမှာ ဒီလို သင်ပေးနိုင်တဲ့သူ ဘယ်လိုလုပ် ရှိမှာလဲ မဟုတ်လည်း လောကကြီးထဲ ပုန်းအောင်းနေတဲ့ တစ်နေရာရာက ဗျပ်စောင်းပညာရှင်ဆရာတစ်ဆူက သင်ပြပေး ခဲ့တာများလား?
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...