Part 4
ကျန်းသခင်မလေး ၂မှာသာ အင်အားကြီးတဲ့ အဘွားမိသားစုရှိမယ်ဆိုရင် အနာဂတ်မှာသူ့အတွက်အများကြီး အကျိုးရှိနိုင်တယ်။ ယဲ့ရှီကျယ်ကလည်း အောင်မြင်သွားပြီဖြစ်ပြီး သူ့နောက်က လိုက်လာတာကတော့ အရင်ပထမနေရာအမြဲရခဲ့တဲ့ လက်ယာအမတ်ကြီးရဲ့အကြီးဆုံးသား လီကျင်းပဲ။ လီကျင်းရဲ့ရုပ်ရည်က သာမန်ပဲဖြစ်ပြီး သူ့ညီငယ်နဲ့ယှဥ်ရင် သူကအဲ့လောက် မိန်းကလေးတွေကြား ရေပန်းမစားဘူး။ ဒါပေမယ့် ကောင်းကင်ဘုံကမျှတပါတယ် သူကအဆင်းမရှိပေမယ့် အချင်းရှိတယ်။ သူ့ညီ လီလျန်ကရုပ်ချောသော်ငြား ကျွမ်းကျင်တဲ့အရည်အချင်းဘာမှမရှိတဲ့ အပျော်အပါးလိုက်စားပြီး ချမ်းသာတဲ့သခင်လေးအများစုလို ဘဝကိုပေါ့ပျက်ပျက်နေထိုင်တဲ့လူစားမျိုးဖြစ်တယ်။
ညီအစ်ကိုနှစ်ယောက်စလုံးက သူတို့အဖေ လက်ယာအမတ်ကြီး လီကျုံးနန်နဲ့အတူဝင်လာကြတော့ တချို့ရဲတဲ့သခင်မလေးတွေက ညီအစ်ကိုနှစ်ယောက်လုံးကို ကြည့်ရှုအကဲခတ်နေကြတယ်။ အခုလက်တလောအတွင်းမှာပဲ လက်ယာအမတ်ကြီးရဲ့အင်အားက တဖြည်းဖြည်းကြီးသထက်ကြီးလာလိုက်တာ ကျန်းအိမ်တော်နီးနီးဖြစ်လာတယ်။ အရင်ကဆို ကျန်းအိမ်တော်ကရုံးတော်ထဲ ထိပ်ခေါင်ဩဇာအရှိဆုံးဖြစ်ခဲ့ပြီး အခုလက်ယာအမတ်ကြီးရဲ့တိုးလာတဲ့ အရှိန်အဝါကြောင့် ကျန်းအိမ်တော်ရဲ့ထိပ်ခေါင်နေရာက အတော်ကိုအန္တရာယ်များနေတော့တယ်။ အဲ့တော့ လီကျင်းနဲ့လီလျန် ဒီညီအစ်ကိုနှစ်ယောက်ကလည်း အားစိုက်ထုတ်စရာမလိုဘဲ မျက်စိကျစရာဖြစ်နေတော့တာပေါ့။
ကျန်းလီက လီအိမ်တော်နဲ့ဘာမှပက်သတ် ဆက်နွယ်စရာမလိုတဲ့အတွက် သူတို့နှစ်ယောက်ကို ဖြတ်ခနဲကြည့်ရုံသာ ကြည့်ပြီး မျက်စိလွှဲလိုက်တယ်။ ယဲ့ရှီကျယ်အတွက် စိတ်ပူလို့ပြောပေးရုံသာရှိပြီး သူကလည်း ကျန်းလီရဲ့သတိပေးချက်အတိုင်း သေချာလိုက်နာတဲ့ပုံပဲ...လီလျန်တို့နဲ့ပြောဆိုဆက်ဆံတာမျိုး မရှိတော့ဘူး။ ယဲ့ရှီကျယ်က လီအိမ်တော်ဘာပဲကြံကြံဂရုမစိုက်ဘူးဆိုတာ ကျန်းလီကသိပေမယ့် လိုရမယ်ရ သူ့ကိုဘာအန္တရာယ်မှမဖြစ်စေချင်တာကြောင့်ပဲ။ ဘယ်လောက်မှတောင်မရှိသေးတဲ့အချိန်မှာပဲ ကျိုးယန်ပန်ကိုတွေ့လိုက်ရတယ်။

YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...