Part 70.1

381 59 0
                                    


Ch 70

part 1

စာမေးပွဲ​ဖြေမယ့်သခင်မလေးတွေက အချိန်တူတူလောက်မှာပဲ ရောက်ကြတာဖြစ်တယ်။ ကျန်းလီတို့က သူတို့ကိုစစ်​ဆေးမှုလုပ်တဲ့အခါ နံပါတ်စဥ်စီဖို့အတွက် မဲနှိုက်မယ့်နေရာကို ခေါ်သွားတဲ့ ဆရာမနောက်ကိုလိုက်သွားကြတယ်။ ရှည်လျားတဲ့ စက်ဝိုင်းပုံသစ်သားပုံးထဲမှာ ဝါးကျည်တောက်တွေ ​ရှိပြီး အဲ့ကျည်တောက်တစ်ခုစီထဲမှာမှ နံပါတ်ရေးထားတဲ့ စာရွက်လိပ်တွေရှိတာဖြစ်တယ်။ ကျန်းလီနဲ့ လျိုရွှီတို့တစ်ယောက်ပြီးတစ်ယောက် မဲနှိုက်လိုက်ကြတယ်။ သူတို့ဘာကျလဲဆိုတာ ကြေငြာပေးတဲ့သူက ကျယ်ကျယ်အော်ပြောတယ်။ "ကျန်းလီ ၁၃ လျိုရွှီ ၁၈"

ဖြေဆိုသူစုစုပေါင်းက အယောက်၃၀ရှိပြီး ကျန်းလီကျတဲ့နံပါတ်က အလယ်အလတ်လောက်ပဲ။ ကြေငြာသူရဲ့အသံကိုကြားတဲ့အခါ ကျန်းယွီအာရဲ့ ချဲ့ကားလုပ်ယူထားတဲ့ "အိုင်းယား" ဆိုတဲ့ အသံကိုကြားလိုက်ရတယ်။ သူက ကျန်းလီကြားနိုင်လောက်တဲ့အသံနဲ့ပြောတယ်။

"ဒုတိယမမက ၁၃လား ကောင်းတာပေါ့ တတိယမမက ၁၂ ဆိုတော့ ရှေ့ဆင့်နောက်ဆင့်ပဲ ဒါကတိုက်ဆိုင်လွန်းလိုက်တာ!"

ကျန်းယိုရောင်က နံပါတ် ၁၂တဲ့လား?

ကျန်းလီက အံ့အားသင့်သွားပြီး ရယ်မိသွားတယ်။ ဒါက အမှန်တကယ်ကို တိုက်ဆိုင်လွန်းတာပဲ။ ကျန်းလီကသာ စိတ်အေးလက်အေးဖြစ်နေတာ တစ်ဖက်က လျိုရွှီတစ်ယောက်ကတော့ ဂနာမငြိမ်ဖြစ်နေပြီး ခေါင်းယမ်းကာပြောလာတယ်။ "မကောင်းတော့ဘူး ဒီတစ်ခါတော့ မကောင်းတော့ဘူး ကျန်းယိုရောင်ရဲ့ ဗျပ်စောင်းလက်သံက မင်ယီကျောင်းမှာ အကောင်းဆုံးပဲ မနှစ်က သူတီးတဲ့ <လိပ်ပြာ>က လူအားလုံးကို မှင်သက်သွားစေတယ် ဒီနှစ်ဆို သူ့လက်ရည်က ပိုတက်လာမှာပဲ သူကောင်းကောင်းချပြလေလေ ကျန်းသခင်မလေးက ပိုပြီး ရှုံးနိမ့်လေဖြစ်တော့မှာပဲ အောင်လောက်ရုံလေးပဲဆိုတောင် သူနဲ့လက်ရည်ချင်း လုံးဝကွာခြားနေတာက ကောင်းတာတော့ မဟုတ်ဘူး"

လူတွေဆိုတာ အမြဲ နှိုင်းယှဥ်နေကြတာ..ကျောက်စိမ်းပန်းကန်နဲ့ ကောင်းပါပေ့ဆိုတာမျိုးတွေ စားဖူးလေလေ ပေါင်မုန့်ကြမ်းနဲ့ လက်ဖက်ရည်ကို မျိုချဖို့ခက်လေလေပဲ။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now