MDD-57.2
အလောင်းအစားသုံးခု
လျူဝူရဲ့ သွက်သွက်လက်လက် ပြောဆိုတာတွေကို ကြည့်ပြီးတော့ ကျန်းလီက ပြုံးပြီးတော့ ပြောလိုက်တယ်
"အမှန်ပဲ၊ ဧကရာဇ်မင်းမြတ်ရဲ့ လက်ဆောင်နဲ့အတူတူ၊ ဂုဏ်ကျက်သရေလည်း ပိုရှိလာလိမ့်မယ်"
"အိုး"
ကျယ်လောင်တဲ့ အသံတစ်ခုက ရုတ်တရက် အနှောင့်အယှက် ဖြစ်လာခဲ့ပြီးတော့ အဲဒါက မုန့်ဟုန်ကျင်းရဲ့ အသံဖြစ်နေခဲ့တယ်။ သူမက ကျန်းလီကို တစ်ချက် ကြည့်လိုက်ပြီးတော့ ပြောလိုက်တယ်။
"ဒုတိယ ကျန်းသခင်မလေးက ဧကရာဇ်မင်းမြတ်ပေးတဲ့ လက်ဆောင်ကို တွေးနေတာလား။ တကယ်ကို သတ္တိရှိတာပဲ။ ဒီပုံစံက၊ တကယ်ကို အများကြီး ဦးဆောင်နိုင်မဲ့လူနဲ့ တူနေတာပဲ"
လျူဝူက မျက်မှောင်ကြုတ်ပြီးတော့ ပြောလိုက်တယ်။
"မုန့်ဟုန်ကျင်း၊ နင့်ရဲ့စကားတွေက အဓိပ္ပါယ်မရှိလိုက်တာ"
အဲဒါက လျူဝူ ဖြစ်နေတာကို မြင်လိုက်ရတော့၊ မုန့်ဟုန်ကျင်းရဲ့ မျက်ခုံးတွေက ချက်ချင်းပဲ မြင့်တက်သွားခဲ့တယ်။ သူမအဖေရဲ့ရာထူးက ကျန်းယွမ်ပိုင်ထက် နိမ့်ပေမဲ့၊ လျူဝူရဲ့ အဖေထက်တော့ ပိုမြင့်ခဲ့တယ်။ သူမက ချက်ချင်းပဲ ပြောလိုက်တယ်။
"ဘယ်သူဖြစ်နေတာလဲလို့ တွေးနေတာ၊ လျူဝူပဲ။ ဘာကြောင့်လဲ။ မနေ့က လမ်းပေါ်မှာ တရားမျှတမှုအတွက် ပြောပေးနေတဲ့ ဒုတိယသခင်မလေးကျန်းကို အတုယူနေတာလား။ လျူဝူ၊ ငါက နင့်ကို သတိမပေးဘူးလို့ မပြောနဲ့နော်၊ နင် ဘယ်သူနဲ့ တွဲကစားရင် ကောင်းမလဲဆိုတာကို သေသေချာချာ တွေးကြည့်ပါ။ ဒုတိယသခင်မလေးကျန်းရဲ့ အဖေက ဒုဝန်ကြီးဆိုပေမဲ့၊ နင်ကတော့ မဟုတ်ဘူးနော်။ ချန်သအရာရှိဖြစ်တဲ့ သခင်ကြီးလျူမှာ ပြဿနာနည်းနည်း ရှိနေတယ်ဆို"
လျူဝူက ရုတ်တရက် အရောင်ပြောင်းလဲ သွားခဲ့တယ်။
လျူယွမ်ဖုန်းက ဘာဖြစ်သွားခဲ့တယ်ဆိုတာကို ကျန်းလီက မသိခဲ့ပေမဲ့၊ မုန့်ဟုန်ကျင်းရဲ့ စကားတွေက အလဟဿ ပြောတာမဟုတ်ဘူး ဆိုတာကိုတော့ သူမက သိခဲ့တယ်။ မဟုတ်ရင် လျူဝူက ဒီလိုအမူအရာမျိုးကို ပြမှာ မဟုတ်ပါဘူး။ လျူဝူက အံကြိတ်ပြီးတော့ ပြောလိုက်တယ်။
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...