Part 65.2

610 91 2
                                    


ကျန်းယိုရောင်ရဲ့ မှတ်ချက်ကစွပ်စွဲရိပ်တွေပါဝင်နေပေမယ့် တကယ်တမ်းကျလည်း အကျိုးအကြောင်းမသင့်တာတော့ မဟုတ်ဘူး။ ကျန်းယွမ်ပိုင်က ကျန်းလီကိုငေးကြည့်လိုက်ပြီး ပြောတယ်။

"လီအာ သမီးအရင်က ဒီလိုမျိုးတစ်ခါမှ မသင်ဖူးဘူးမလား? ဘယ်လိုလုပ် ပထမရသွားတာလဲ? လက်ရေးလှ သချ်ာနဲ့ ယဥ်ကျေးမှုထုံးတမ်းဘာသာရပ်တစ်ခုချင်းစီရဲ့ အမှတ်တွေကို တွေ့ပြီးသွားပြီ အကုန်လုံး ထိပ်ဆုံးတွေချည်းပဲ သမီး တောင်ပေါ်ကိုသွားတုန်းကလည်း စာရေးစာဖတ်တောင် မသင်ရသေးတဲ့ ၇နှစ်ပဲရှိသေးတာလေ ယန်ကျင်းကိုလည်း အခုမှ ပြန်ရောက်တာမလား ဒီလိုရလဒ်မျိုး ဘယ်လိုရသွားတာလဲ?"

"အဖေ" ကျန်းလီက ပြုံးရင်း ပြောတယ်။

"လူတစ်ယောက်က သင်ယူချင်စိတ်သာရှိရင် သင်ပြပေးမယ့် ဆရာရှိရှိ မရှိရှိ တစ်ခုခုတော့ သင်ယူတတ်မြောက်သွားမှာပဲ ဆန္ဒရှိရင် နည်းလမ်းရှိစမြဲဆိုတဲ့အတိုင်းပေါ့"

သူက ခဏလောက်ရပ်လိုက်ပြီးမှ မှတ်ဉာဏ်တွေကို ပြန်လည်သတိရသွားတဲ့ပုံနဲ့ "ချင်းချန်တောင်ပေါ်မှာတုန်းကဘဝက ရိုးရှင်းကြမ်းတမ်းပြီး ပျော်စရာဘာမှမရှိခဲ့ဘူး ဒါပေမယ့် ဖြစ်ချင်တော့ အဲ့မှာ စာအုပ်တွေအများကြီးရှိတယ်လေ အရင်ထဲက ဘုရားဖူးတွေလှူထားတဲ့ စာအုပ်တွေက အများကြီး ရှိတော့ နေ့တိုင်း ညရောက်တာနဲ့ ခက်ခဲပင်ပန်းခဲ့တဲ့နေ့တွေဆို အဲ့စာအုပ်တွေဖတ်ဖြစ်တယ် ကိုယ့်ကိုယ်ကိုယ် အဲ့စာတွေထဲ စိတ်နှစ်ပြီးဖတ်လိုက်လို့ရှိရင် အချိန်တွေက နည်းနည်း ပိုအကုန်မြန်သွားပြီး ခက်ခဲမှုတွေကလည်း အဲ့လောက်မဟုတ်တော့ဘူးလို့ ခံစားရတယ်"

သူ့စကားတွေကြောင့် လူတိုင်း အခက်တွေ့သွားကြတယ်။ သူမက သက်ပြင်းရှည်ကြီးချလိုက်ရင်း "သမီး ချင်းချန်တောင်ပေါ်မှာ ၈နှစ်လောက်နေခဲ့ရတာဆိုတော့ ဘုရားကျောင်းက စာအုပ်တွေအားလုံးကို ဖတ်ပြီးသွားပြီမို့လို့ အနီးကဟယ်လင်ကျောင်းတော်မှာ ဖတ်ဖို့စာအုပ်တွေတောင် သွားငှားခဲ့သေးတယ် အဲ့လိုမျိုးနဲ့ နှစ်တွေအကြာကြီး သမီးဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်က ယန်ကျင်းကဆရာတွေဖတ်ခဲ့တာထက်တော့ မနည်းနိုင်ပါဘူး"

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now