အခန်း (၇.၂)
ပန်းမိစ္ဆာ
တုန်အာက မေးလိုက်တယ်။
"သခင်မလေးက ဒါကို ဝတ်မလို့လား"
ကျန်းလီက ခေါင်းညိတ်ပြပြီးတော့ ပြောလိုက်တယ်။
"အဝေးကို ထွက်သွားနိုင်ဖို့ ဒါကို ဝတ်ရမယ် "
သီလရှင်ဝတ်စုံကို လဲကာဟ သပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီးတဲ့အချိန်မှာတော့၊ နေမင်းကြီးက မိုးကုတ်စက်ဝိုင်းထဲမှာ ပျောက်ကွယ်နှင့်နေခဲ့တယ်။ ချင်းချန်တောင်ထိပ်ဟာလဲ ညအချိန် ရောက်လုနီးပါး ဖြစ်ခဲ့တယ်။
တုန်အာက မေးခဲ့တယ်။
"ကျွန်မတို့တွေ ဘယ်နေရာကို သွားကြရမှာလဲ"
ကျန်းလီက ရယ်မောပြီး ပြန်ဖြေခဲ့လိုက်တယ်။
"ပုံမှန်လိုပဲ၊ စားစရာတစ်ခုခု ရဖို့လေ"
ကျန်းလီက သူမကို သီလရှင်ကျောင်းရဲ့ အဓိက ခန်းမရှေ့ကို ဦးဆောင်ပြီး ခေါ်သွားတဲ့ အချိန်အထိ၊ တုန်အာက နားမလည်နိုင်အောင် ဖြစ်နေခဲ့တယ်။ အဓိက ခန်းမဆောင်ကြီးရဲ့ ဗုဒ္ဓရုပ်ပွားတော် ရှေ့တော်မှာ၊ လှူဖွယ် ပစ္စည်းများစွာကို ကပ်လှူထားခဲ့ကြတယ်။ ၁၀ရက်ကနေ လဝက် လောက်အထိ ဒီနေရာမှာ လာရောက် ဝတ်ပြုသူက မရှိသလောက် ဖြစ်ခဲ့လိမ့်တယ်။ ဝတ်ပြုသူ အများစုက အနီးအနားမှာရှိတဲ့ ဘုရားကျောင်းကိုသာ သွားကြလိမ့်မယ်။ ကျန်းလီက ရှေးခေတ်လက်ရာ ဗုဒ္ဓရုပ်ပွားတော် ဆီကို လျှောက်လှမ်းသွားခဲ့တယ်။ အမွှေးတိုင် ပူဇော်တဲ့ စားပွဲရဲ့ ထိပ်မှာ သစ်သီးတွေနဲ့ ပြည့်နှက်နေတဲ့ ပန်းကန်ပြားတစ်ခု ရှိခဲ့တယ်။ ကျန်းလီက တစ်လုံးကို ကောက်ကိုင်လိုက်ပြီး၊ တုန်အာကို ပေးလိုက်ကာ ပြောလိုက်တယ်။
"စားလိုက်ပါ"
တုန်အာက ကြောက်ရွှံ့မှုနဲ့ မျက်နှာက ဖြူဖျော့သွားခဲ့တယ်။ အဲ့ဒီအချိန်က၊ သီလရှင်ကျောင်းက သီလရှင်တွေ အားလုံးက အိပ်မောကျနေခဲ့ကြပြီးတော့ ဒီနေရာကို လာကြမှာ မဟုတ်ဘူး။ တုန်အာ က အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။
"သခင်မလေး၊ ဒါက ဗုဒ္ဓကို ကပ်လှူထားတဲ့ အသီးအနှံပါ"
ကျန်းလီက ပခုံးကို တွန့်ပြပြီး ပြောလိုက်တယ်။
YOU ARE READING
တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်း
Historical Fictionဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား ဖြစ်လာခဲ့ပြီးတော့ ယုံနင်းမင်းသမီးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ကာ သူမကိုရော သူ့ကလေး(ကိ...