Part 40.2

1.9K 188 0
                                    

အခန်း (၄၀.၂)

ကျောင်းတော်

ကျန်းလီက ပြောလိုက်တယ်။

"ဒီနေရာကို လာပြီးတော့ ကျွန်မကို အထူးတလည် သတိလာပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်"

ဒီတစ်ခါမှာတော့၊ သူမရဲ့ အသံက ပိုပြီးတော့ ညင်သာနေခဲ့တယ်။

ကျန်းလီရဲ့ လေသံ အပြောင်းအလဲကို ကြားလိုက်ရတော့၊ ကျန်းကျင်းရော့က ပြောမပြတတ်အောင် ပျော်ရွှင်သွားခဲ့တယ်။ သူက မိန်းမောတွေဝေသွားတော့၊ သူ့ပါးစပ်ကြီးနဲ့ ဆူပူကြိမ်းမောင်းခြင်းပို မလုပ်ဘဲမနေနိုင်ခဲ့ဘူး။ သူက ကျန်းမိသားစုထဲမှာ အနိုင်ကျင့်သူ ဖြစ်ခဲ့ပြီးတော့၊ ကျန်းယို့ရောင်တောင်မှ သူ့ကို ရန်မစရဲခဲ့ဘူး၊ ပြီးတော့ သူက အဲ့ဒီလူတွေကို အထင်သေးခဲ့တယ်။ ဒါပေမဲ့ ကျန်းအိမ်တော်မှာ ဘာအဆင့်အတန်းမှ မရှိတဲ့၊ နာမည်ကောင်းမရှိတဲ့၊ ကျန်းလီကိုတော့ ကျန်းကျင်းရော့က နည်းနည်း ကြောက်ရွံ့ပြီးတော့ လေးစားအားကျခဲ့ရတယ်။

အဲ့သလိုဆိုရင် သူက အမြဲတမ်း သူမကို စိတ်ကျေနပ်စေချင်ခဲ့တယ်။

ကျန်းကျင်းရော့က သူ့ကိုယ်သူ စိတ်ထဲမှာ လှောင်ပြောင်ပြီးတော့၊ ကျန်းလီကို မေးလိုက်တယ်။

"မင်းရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲ။ မင်းက သခင်မကြိီးနဲ့ တွေ့ဖို့ အစီအစဥ်ရှိရင်၊ ငါ့ကို သိခွင့်ပေးပါ၊ ငါပါ အတူတူ လိုက်ပေးပါ့မယ်"

သူက ကျန်းလီအပေါ် ရင်းနှီးဖော်ရွှေ လာပြီးတော့၊ သူမရဲ့ အနားမှာ ရပ်တည်ပေးချင်ခဲ့တယ်။ အဆုံးသတ်မှာတော့ သူက နွေးထွေး ကြင်နာတတ်တဲ့ လူငယ်တစ်ယောက် ဖြစ်နေဆဲ ဖြစ်ခဲ့တယ်။

ကျန်းလီက ပြောလိုက်တယ်။

"တကယ်တော့ အဖေက ကျွန်မအတွက် ဆရာတစ်ယောက်ကို ဘာကြောင့် ရွေးချယ်ပေးချင်နေတာလဲဆိုတာကို ကျွန်မက နားမလည်ခဲ့ဘူး။ မြို့တော်ထဲက တော်ဝင် အမျိုးသမီးတွေအားလုံးက အမျိုးသမီး ကျောင်းတော်ကို တက်ရောက်ကြတာကို သူ သတိထားမိမှာပါ"

ကျန်းကျင်းရော့က စကားမပြောခင်မှာ စက္ကန့်အနည်းငယ်လောက် ဆွံ့အနေခဲ့တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းDonde viven las historias. Descúbrelo ahora